Labels

Thursday, August 18, 2022

ငါးကင် ငါးပေါင်း လုပ်နည်း ၄မျိုး 👇🏻👇🏻👇🏻

 


ငါးကင် ငါးပေါင်း လုပ်နည်း ၄မျိုး 👇🏻👇🏻👇🏻

1. ထိုင်း ငါး ဆား မီး ကင် လုပ် နည်း

------------------------------------------

ဒီတစ်ပါတ် တင်ပြ ပေး မှာ က တော့ မြန်မာ လူ မျိုး များ နှင့် သိပ် မစိမ်း သည့် ငါး ဆား မီး ကင် ပါဖောင် pla pao ปลาเผา ပြု လုပ် နည်း လေး ပဲ ဖြစ် ပါတယ်။ အကြေး ခွံ ရှိ ပြီး အရိုး မများသည့် မိမိ နှစ် သက် ရာ မည်သည့်ငါး မ ဆို ပြု လုပ် နိုင် ပါတယ်။ ကျနော် အနှစ် သက် ဆုံး က အရ သာအရှိ ဆုံးကငါးရံ့နှင့်ဇလား ဘီး ယား တို့ဖြစ်ပါတယ် ။

ငါး ဆား မီး ကင် အတွက် လို အပ် သည့်ပစ္စည်း များ .....

( 1 ) မီးသွေး မီး ဖို တစ် ခု

( 2 ) ဆား ၃၀ ကျပ် သား

( 3 ) စပါး လင် 5 ခု

( 4 ) ရှောက် ရွက် အနည်း ငယ် ၅ ရွက်

တို့ဖြစ် ပါသည်။ ပထမ ဦး စွာ ငါး ကို ရေ စင် ကြယ်ေ အာင် ဆေး ကြော ပြီးဝမ်းဗိုက် ကို ဓါ း ထက် ထက် ဖြင့်အနေ တော် ဖောက် ပြီး အညစ် အကြေး များ ကို သန့်စင် ပါ။ အညစ် အကြေး များ ကလီစာ များ သန့်စင် သွား ပါ ကငါး ပါး စပ် အတွင်း မှ စပါးလင် နှင့်ရှောက် ရွက် ကို ပုံမပျက် စေ ပဲ ငါး ဝမ်းဗို က် ထဲ သို့ထိုး ထည့်ပေး ရ ပါမည်။ ထို့နောက် ဆား များ ကို ဝမ်း ဗိုက် အတွင်း သို့မဝင်အောင် သတိ ထား ပြီး သုတ် လိမ်း ကာ မီးကင် ရမည်။ မိမိ မီးသွေး ပေါ် မူတည် ပြီး ချိန်ဆ ရပါမည်။ ဆားများ နီရဲ လာသော အခါ ငါးကျတ် ပြီ ဖြစ်ပါသည်။ပုံမှန် အားဖြင့် မီးအေးအေး ဖြင့်ကင် ပါက မိနစ် ၄၀ ခန့်ကြာ ပါ သည်။ ( မှတ်ချက် ) ငါး အကြေး ခွံ များ ကို မခွါ ရ ပါ။ သဘော တရား မှာ ၄င်း အကြေး ခွံ များ မှ ဆား များ ကို ငါး အသား ထဲ သို့မဝင် စေ ရန် ကာ ကွယ် ပေး ခြင်း ဖြစ် ပါသည်။ ငါး ဆား မီး ကင် နှင့်တွဲ ဘက် စား ဖို့အတွက် နန်းကျင်း nam jim น้ำจิ้ม ပြု လုပ် နည်း ကို လည်း တွဲ ဘက် ပြီး ပြန် လည် မျှ ဝေ ပေး လိုက် ပါတယ်။ မည်သည့်အကင် အမျိုးမျိုး နှင့်မဆို အရ သာ ရှိ ရှိ တွဲ ဘက် စား သုံးနိုင် ဖို့အတွက် အောက် ပါ အတိုင်း တစ်သွေ မတိမ်း လုပ် ဆောင် ပေး ပါ။

( 1 ) သံပုရာသီး စားပွဲတင် ဇွန်း ၆ ဇွန်း

( 2 ) ရေ စားပွဲ တင် ဇွန်း ၃ ဇွန်း

( 3 ) ငံပြာရည် စားပွဲ တင်ဇွန်း ၂ ဇွန်း

( 4 ) သကြား စားပွဲ တင်ဇွန်း ၁ ဇွန်း

( 5 ) ဆား လဘ္ဖက် ရည် ဇွန်း ဝက်

( 6 ) ကြက်သွန် ဖြူ 15 မွှာ

( 7 ) ငငြုပ် သီး 15 တောင့်

ဖော် ပြ ပါ အချိုး အစား များ ကို ရရှိ လာသော အခါ ငငြုပ် သီး ၊ ကြ က်သွန်ဖြူ တို့ကို ငရုတ် ဆုံ တွင် ကြေ ညက်အောင် ထောင်း ပြီး ပန်း ကန် သန့်သန့်ထဲ သို့ထည့်ကာ ဖော် ပြ ပါ အချိုး အစား အတိုင်း အရ သာ ရှိ ရှိ သုံးဆောင် နိုင် ကြောင်း ပြန် လည် မျှ ဝေ ပေး ပါသည်။

Credit : ဘန်ကောက်လမ်းညွန်-ကိုစိုင်း

-----------

2. ငါး ချဉ်စပ် ဟင်း

ငါးက်ုအကြေးခွံထိုးဗိုက်ခွဲရေဆေးသန့်စင်ပါတယ်။သံပုရာသီး၂စိတ်ဆားနနွင်းတို့ကိုရောနယ်ပြီးငါးကိုပွတ်နယ်ပြီး၅မိနစ်လောက်ခဏထားပြီးရေစင်စင်ဆေးချပါတယ်။အညှီအချွဲတွေပျောက်အောင်ပါ။ရေခဏစစ်ထားပြီး မီးဖိုးချောင်သုံးစက္ကူနဲ့သုတ်ပြီးငါးက်ုဆားနနွင်းငရုတ်ကောင်းနဲ့နယ်ပြီနာရီဝက်ခန့်နှပ်ထားပါတယ်။

နှပ်ထားတဲ့အချိန်မှာ အနှစ်အတွက်ပြင်ဆင်ထားပါတယ်။

ကြက်သွန်ဖြူ ၆မွှာ နုတ်နုတ်စင်း

ဂျင်း လက်တစ်ဆစ် ။

ကြက်သွန်မိတ် ၃ပင် ။

သစ်ဂျပိုး သေးသေး

နာနတ်ပွင့် ။

ငရုတ်ခြောက် ၅ခု

ငရုတ်ကြမ်းဖတ် အနည်းငယ်

ငရုတ်နှစ် ထမင်းစားဇွန်း ၁ဇွန်း

ငရုတ်ချဉ်ပဲငပိနှစ် ။

ပဲငံပြာရည်

သကြား

ငံပြာရည်

ရှလကာရည်

ကော်မှုန့် အနည်းငယ်စီလိုအပ်ပါတယ်။

စချက်ဖို့အတွက်အိုးထဲကိုဆီစားပွဲတင်၁ဇွန်းထည့်ပြီးပူလာလျှင်ငါးကိုထည့်ပြီး တဖက်ကို၃မိနစ်စီကြော်ပါတယ်။အရေပြားတင်းရုံလောက်ပါ။ပြီးရင်ဆယ်ထားပြီးကျန်တဲ့ဆီထဲကိုငရုတ်အကြမ်းဖတ်နဲ့ငရုတ်ခြောက်ထည့်ကြော်ပါတယ်။အနံမွှေးလာလျှင်ဆယ်ထားပြီးအ်ုးထဲသို့ကျန်တဲ့ပစ္စည်းတွေဖြစ်တဲ့ကြက်သွန်ဖြူဂျင်းငရုတ်နှစ်သစ်ကြပိုးနာနတ်ပွင့်ထည့်ဆီသတ်ပါတယ်။မွှေးလာမှငရုတ်ချဉ်၊ငံပြာရည်၊ပဲငံပြာရည်သကြားထည့်မွှေပြီးခဏကြာမှရေနို့ဆီဗူးတဝက်ခန့်ထည့်ပြီးဆူအောင်တည်ပါတယ်။ဆူလာမှမီးလျော့ပြီးငါးကိုထည့်ကာအိုးထဲမှအရည်ကိုဇွန်းနဲ့ခက်ပြီးငါးပေါ်လောင်းချပေးပါတယ်။အဖုံးအုပ်ထားပြီး၅မိနစ်တခါလောက်အဖုံးဖွင့်ကာငါးပေါ်ကိုလောင်းချပေးပါ။၂ဖက်မျှပြီးအရသာဝင်အောင်ပါ။မိနစ်၂၀လောက်ကြာပြီဆိုငါးလဲကျက်ပြီးမို့ဖြေးဖြေးဆယ်ပြီးပန်းကန်ထဲထည့်ပါ။

အိုးထဲမှ ကျန်တဲ့အရည်ထဲကိုကြက်သွန်မိတ်ထည့်မွှေပါ။ဆယ်ထားသောငရုတ်ခြောက်များထည့်ပါ။နောက်ဆုံးမှာ ကော်မှုန့်ရေဖျော်ထည့်ပြီးမွှေကာ ငါးပေါ်သို့လောင်းချကာ ငါးချဉ်စပ် ပေါင်းဟင်းတစ်ခွက်ရပါပြီ ရှင်။ စျေးသက်သာပြီး ထမင်းနဲ့စားစားဒီတိုင်းစားးစားစားကောင်းတဲ့ဟင်းတစ်ခွက်ပါ။

Credit : ချက်ကြည့်ကြစို့

----------

3. တီလားဘီးယားငါးပေါင်း။ ငါးကင် တာမကြိုက်သူ

များဒါလေးလုပ်စားကြည့်ပါ။

တီလားဘီးယားငါးကို ဗိုက်ထဲကကလီစာတွေ

အကုန်ထုတ်သေချာရေ ဆေးပြီး အသားကို

ဓါးနဲ့မွန်းထားပါ။ ပြီးရင် ဆားအနည်းငယ် နဲ့

သမ အောင် နယ်ပြီးနှပ်ထားပါ။

ကြက်သွန်ဖြူနီ စပါးလင် ဂျင်းတို့ကိုငရုတ်

စိမ်းမုန့်အနည်းငယ်နဲ့ရောထောင်းပါ။ ပြီးရင်

အဲ့အနှစ်ကို အသားမှုန့်အနည်းငယ်နဲ့ ဆီ

အနည်းငယ် ရောပြီးနယ်ပါ။ ပြီးရင် ငါးအသား

နဲ့ဝမ်းဗိုက်သားတွေထဲထိ ရောက် အောင်

သုတ်လူး ပြီး အချို့ကို ဗိုက်ထဲသိပ်ထားပါ။

စပါးလင် တစ် ရိုးကို ရေ သေချာဆေး ထုပြီး

ငါးဗိုက်ထဲမြုပ်ထားပါ။ ပြီးရင် ကြွေပန်းကန်ထဲ

ဆီအနည်းငယ် သုတ်လိမ်းပြီး ငါးကိုထည့်ပါ။

ပေါင်းအိုးက ရေ နွေးဆူပြီ ဆို ရင် ငါးပန်းကန်

ကို ထည့်ပြီး ၁၀မိနစ်ခန့်ဆက်တိုက်ပေါင်းပါ။

နံနံပင် အနည်းငယ် ရေ ဆေးထားပြီး ၁၀မိနစ်

ပြည့် ရင် ငါးမှာအုပ်ပါ။ နောက်ထပ် ၅မိနစ်

လောက် ဆက်တိုက် ပြန်ပေါင်းပြီး ငါးအသား

နူးလာရင် ရပါပြီ။ တီလားဘီးယား ငါးက အသား

နူးမြန်တာမို့အ ကြာကြီးပေါင်းစရာမလိုပါဘူး။

ငါးအသားနဲ့တို့ဖို့ အချဉ်လေးတစ်ခု လုပ်

ပြီးစားလို့ရပါတယ်။ ငရုတ်သီးစိမ်း ၅တောင့်

လောက်ကို ပြုတ် ဒါမှမဟုတ် မီးဖုတ်ပါ။ ပြီး ရင်

ကြက်သွန်ဖြူ ၃တက်လောက် ကိုငရုတ်သီးနဲ့

ရောထောင်းပါ။ ပြီးရင် အနှစ်ထဲကို ဆားအနည်း

ငယ်နဲ့သကြားအနည်းငယ် ထည့်ပါ။ သံပုရာ

သီးတစ်လုံးညှစ်ထည့်လိုက် ရင် ငါးပေါင်းနဲ့

တွဲဖက်စားမယ့် အချဉ်ရေ ရပါပြီ။

မြန်မာ့ဟင်းလျာ နှင့် မြန်မာ့ဟင်းချက်နည်းများ

----------

4. ဒီနေ့မနက်ကင်တဲ့တီလာပီးယားငါးကင်ပါ

ငါးကိုသန့်စင်အောင်ဆေး

ပြီးရေစစ်ကာဆားငရုတ်

ကောင်းမှုန့်အချိုမှုန့်နှင့်အတွင်း

အပြင်နှံ့စပ်အောင်လူးထားပါ

ရှမ်းနံနံ ပင်စိမ်း နံနံပင်တို့ကို

ရေဆေးပြီးပါးပါးလှီးထားတာကိုစပါးလင်ကြက်သွန်ဖြူချင်း

ညက်ညက်ထောင်းတာထည့်

ပြီးဆားငရုတ်ကောင်းမှုန့်အချိုမှုန့်နဲနဲထည့်ပြီးသမအောင်နယ်

ထားတာကိုငါးဝမ်းဗိုက်ထဲ

ထည့်ပါ အပြင်မှာလည်းငါး

အသားကိုလူးပေးပါ

ငါးကို OVEN မှာ အပေါ်မီး

အောက်မီး ၂၅၀ ထားပြီးမီနစ်

၂၀ ကင်ပါ ငါးကင်နေစဉ်ဆီ

သုတ်ပေးပါ မီနစ် ၂၀ ပြည့်ရင်

ငါးကင်ရပါပြီ

အချဉ်က မန်ကျည်းမှည့်ကို

ရေဆေးပြီးထန်းလျက်လုံး

ထည့်ကာဆူအောင်တည်ပြီးအအေးခံကာအနှစ်ကိုစကာ

တိုက်ပြီးပန်းကန်လုံးမှာထည့်ပါ ငရုတ်သီးစိမ်းကြက်သွန်

ဖြူညက်ညက်ထောင်းပြီး

ထည့်ပါ မြေပဲမညက်တညက်

ထောင်းထည့်ပါ နံနံပင်ပါးပါး

လှီးထည့်ပါ သံပုရာသီးတလုံး

အရည်ညှစ်ထည့်ပါ သကြားနဲနဲထည့်ပါ ဆားနဲနဲထည့်ပြီး

သမအောင်မွှေပေးပါ ငါးကင်

နှင့်စားတဲ့အချဉ်ရပါပြီ

ငါးကင်ကိုပန်းကန်ပြားကြီး

မှာထည့်ပြီးဘေးမှာသခွားသီး

ခရမ်းချဉ်သီး နံနံပင်ကိုထည့်

ပေးပါ အချဉ်ကိုပန်းကန်ပြား

ငယ်နှင့်ထည့်ပေးပါ

တီလာပီးယားငါကင်းကိုစားလို့ရပါပြီ

စားကောင်းကြပါစေ

Credit U Kyaw Shwe

No comments:

Post a Comment