Translate(ဘာသာပြန် )t🤦‍♂️🤦‍♂️🤦‍♂️😤

Wednesday, August 17, 2022

#ထမင်းပေါင်းနဲ့ဘိတ်ချဥ်လုပ်နည်း

 


#ထမင်းပေါင်းနဲ့ဘိတ်ချဥ်လုပ်နည်း

ပြင်ဆင်ထားရန်

**************

ကြက်သွန်ဖြူ ကြိတ်ထားပါ။

ကြက်ပြုတ်ရည် ထည့်ထားပါ။

အသီးအရွက်များကို လှီးဖြတ်ထားပါ။

ကြက်သား သို့ ဝက်သားကို အတုံးတုံးပီး ဆား,အချိုမှုန့်နယ်ထားပါ။

ခရုဆီကို ပန်းကန်ထဲ ထည့်ထားပါ။

မွှေး ကော်မှုန့် အရည်ဖျော်ထားပါ။

ကြက်သွန်ဖြူကိုကြိတ်၍ ဆီသတ်ပါ။ ( နွမ်းလျှင် )

အသား ထည့်ကြော်ပါ။ ( အသားကျက်သွားရင် )

ဥနီ,ရေပြောင်း,ရွှေပဲ,ပန်းဂေါ်ဖီ,မှို,ငုံးဥတို့ကို ထည့်ကြော်ပေးပါ။

ကြက်ပြုတ်ရည် ထည့်ပါ။ ( မရှိလျှင် ရေနွေးပူပူထည့်ပါ )

ကော်မှုန့်ကို ရေနဲ့ဖျော်ပီးထည့်ပါ။

ခရုဆီ ထည့်မွှေပါ။

အချိုမှုန့်,ဆား,ငရုတ်ကောင်း ထည့်ပါ။

ဟင်းရည် ပျစ်ချွဲချွဲ ဖြစ်လာပီး

အသီးအရွက်များကျက်ပီး ခပ်ကျွတ်ကျွတ်အနေအထားနဲ့

ဟင်းရည် ဆူပွက်နေချိန်မှာ 

ပန်းကန်ထဲ အသင့်ခူးထားတဲ့ထမင်းဖြူပေါ် လောင်းချလိုက်ပါ။

ဒါဆို အရသာရှိလှတဲ့ ထမင်းပေါင်းပူပူလေး ရပါပြီ။

ဘိတ်ချဉ်ကတော့

ရှာလကာရည်

အချိုမှုန့်,ငံပြာရည်

ကြက်သွန်ဖြူ,ငရုတ်သီးစိမ်းနဲ့စပ်ရုံပါပဲ။

ခရုဆီကအငံမို့ ဆားကိုအနည်းငယ်သာထည့်ပီး လိုမှထပ်ထည့်ပါ။

အချို့ကတော့ ပဲပြား,ခရမ်းချဉ်သီး,ငရုတ်ပွထည့်ပါတယ်။

ထမင်းပေါင်းကို ပူတုန်းစားရပါတယ် အေးသွားရင် အရည်ကြဲသွားတတ်ပါတယ်။

♨💯🥗

အိမ်ရှင်မတို့အတွက် ချက်ပြုတ်နည်းရေးရာ အဖြာဖြာ🥗🍲🌶🍇🍲🥗

Credit

No comments:

Post a Comment