Labels

Wednesday, August 24, 2022

#ဝက်ခေါက်ကြော်ကြွပ်ရွလေးကြော်စားကြမယ်


 #ဝက်ခေါက်ကြော်ကြွပ်ရွလေးကြော်စားကြမယ်


မနက်ကစျေးသွားရင်းဝက်ခေါက်တွေ့တာနှင့် အစိတ်သားကို ၂၀၀၀ ဖိုးဝယ်လာတယ် အိမ်မှာကြော်တော့ ဆီလည်းသန့် စိတ်လည်းသန့်သန့်စားရတယ်😋


ဝက်ခေါက်ကြော်ကိုစမ်းကြော်ကြည့်ချင်လို့ပါ

ဝက်ခေါက်ကိုရေဆေးသန့်စင်ပြီးအိုးတလုံးမှာရေမြုပ်အောင်

ထည့်ပြီးနာရီဝက်လောက်ပြုတ်ပါ ပြီးရင်လက်တလုံးအထူလက်လေးလုံးအရှည်

လောက်စီလှီးထားပါ

ရှာလကာရည် ဟင်းခတ်ဇွန်း

၂ ဇွန်းဆား အချိုမှုန့်နဲနဲထည့်ပြီးသမအောင်နယ်ထားပါ။


ဒယ်အိုးတလုံးမှာထည့်ပြီး

နီရောင်သန်းလာအောင်မွှေပေးပါ နီရောင်သန်းလာရင်ဆယ်ယူပြီးထားပါ

ဒယ်အိုးမှာဆီများများထည့်ပြီးဆီပူလာရင်ဝက်ခေါက်ကို

ထည့်ကြော်ပါ ပွရွကြွပ်လာရင်

ဆယ်ယူပါ ဝက်ခေါက်ကြော်ရပါပြီ။


အချဉ်က ပန်းကန်လုံးတခုမှာ

ချီတိုငရုတ်ဆီ ဟင်းခတ်ဇွန်း

၅ ဇွန်း tomato ketchup ၅ ဇွန်းထည့်ပါ သံပရာသီးတလုံး

ညှစ်ထည့်ပါ ဆား သကြားနဲနဲ

ထည့်ပါ ငရုတ်သီးမိုးမျှော်သီး

ကြက်သွန်ဖြူညက်ညက်ထောင်းထားတာထည့်ပါ

ရေနဲနဲထည့်ပြီးသမအောင်မွှေ

ပေးပါ အရသာမြည်းကြည့်ပါ

အနေတော်ဆိုရင်အချဉ်ရပါ

ပြီး ဝက်ခေါက်ကြော်နှင့်စားလို့ရပါပြီ။


စားကောင်းကြပါစေနော်😋


Credit U Kyaw Swe See less

No comments:

Post a Comment