Skip to main content

ကျောက်ဖရုံယို ပြုလုပ်နည်း

 မိသားစု တစ်ပိုင် တစ်နိုင်လုပ်စားမလားစီးပွားရေးအရ လုပ်စားမလား အဆင်ပြေတယ် လုပ်နည်း(၂) နည်းရှာထားပေးတယ်နော်





ပထမဆုံး ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှ အစေ့များကို ဖယ်ရှားပြစ်ပါ။


ကျောက်ဖရုံသီးအရင့်…နှစ်ချို့ဖြစ်ရပါမယ်။ကျောက်ဖရုံသီး အနုဖြင့် မရပါ။


အခွံခွာလို့ပြီးပါက ကျောက်ဖရုံသီးကို အလျား (၄)လက္မ အနံ(၂)လက္မခန့် အချောင်းလေးများဖြစ်အောင် လှပညီညာစွာ လှီးဖြတ်ပြီး သေချာသန့်စင်အောင် ရေဆေးကြောပါ။


ကွမ်းစားထုံးမှုန့်ကို ရေသန့်သန့်ထဲ၌အနည်းငယ် ထည့်ဖျော်၍ဆေးကြောပြီးသော ကျောက်ဖရုံသီးအစိတ်အပိုင်းများကို ၃နာရီခန့်ကြာအောင် စိမ်ပေးထားရပါမယ်။


သုံးနာရီခန့်ကြာသောအခါ ၎င်းအား ဆယ်ယူ၍ ရေသန့်စင်အောင် တဖန်ဆေးကြောလိုက်ပါ။


ကျောက်ချဉ်အရည် သုံးဇွန်းခန့်ကို ရေ၌ထည့်ဖျော်၍ ရေစစ်ထားသော ကျောက်ဖရုံ အစိတ်အပိုင်းများကို တဖန်ပြန်လည်ပြီး မီးနစ်အနည်းငယ်မျှကြာအောင် စိမ်ထားပေးပြီး ပြန်လည်ဆယ်ယူ၍ ရေထပ်မံစစ်ပေးထားပါ။


သကြားကို လိုသလောက်ချိန်ထည့်ပြီး..ဆားအနည်းငယ်ဖြင့် ကျောက်ဖရုံးသီးအစိတ်အပိုင်းများကို သမအောင် ရောနယ်ပြီး ရေသန့်သန့်ထည့်ကာ နာရီ၀က်ခန့် ကျိုချက်ပေးပြီး


ပျစ်ခဲလာချိန်၌ အိုးအတွင်းမှဆယ်ယူ၍ ဇကာပေါ်သို့ ဖြန့်ကြဲပေးပြီး အေးခဲသွားသည်အထိ့ ထားပေးလိုက်ပါက သန့်ရှင်းလတ်ဆတ်ပြီး ချိုမြိန်သော ကျောက်ဖရုံယို(သို့)Wintermelon candy ကိုမှီဝဲသုံဆောင်နိုင်ပါသည်။


Credit .ဓမ္မမေတ္တာ အရှင်ပညာသာရ

" ကျောက်ဖရုံယို"


ကျောက်ဖရုံယို လုပ်လျှင် အပူဒဏ်ခံနိူင်အောင် အတော်လေးရင့်သော အသီးဖြင့် လုပ်ရပါတယ်။ အရောင်ကြည်ပြီး၊ ကြွပ်အောင် ထုံးရည်စိမ်ပြီး၊ ကျောက်ချဉ်ကတော့ ဖရုံယို ပိုကြွပ်ပြီး၊ ပိုဖြူအောင် ထည့်တာဖြစ်ပါတယ်။ သံပုရာသီးကိုတော့ ဖရုံသီးအနံ့ မထွက်အောင် ထည့်ခြင်းဖြစ်ပါတယ်။


သကြားအချိုးအစားကတော့ ပြုတ်ပြီးတဲ့ ကျောက်ဖရုံသီးနဲ့ အချိုးတူထည့်ရပါမယ်။ ဖရုံသီး (2 cups)ဆို ထည့်ရမယ့် သကြားကလည်း (2 cups)ဖြစ်ပါတယ် (ဖရုံသီးဖတ်တွေ သေသေချာချာခွက်ထဲ ဝင်အောင် ထည့်ကြည့်ဖို့တော့လိုပါတယ်။)။


ကျွန်မ လုပ်တဲ့နည်းက ဖရုံသီးကို အတုံးကြီးကြီးလှီးလျှင် အပူပေးချိန်ပိုကြာသောကြောင့် သကြားများ ဝါသွားတတ်၍ အရမ်းမကြီးအောင် လှီးရပါတယ်။ အချောင်းသေးအောင် လှီးထားပေမယ့် ခြောက်ကပ်မသွားပဲ အပြင်သား ကြွပ်ပြီး သကြားရည်ဝတဲ့ အတွင်းသားကြောင့် အရမ်းစားလို့ကောင်းတဲ့ ကျောက်ဖရုံယိုလေး ဖြစ်ပါတယ်။


***... ကျောက်ဖရုံယို အတွက် လိုအပ်တာလေးတွေ…


1. အတော်လေးရင့်သော ကျောက်ဖရုံသီး – ကီလိုဝက် (၃၂ ကျပ်သားခွဲခန့်)

2. ထုချေထားသော ကျောက်ချဉ် (alum) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်

3. ကွမ်းစားထုံး (lime stone or Chuna or Choona) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်

4. ရေ – 10 cups (2500 ml )

5. သကြား – 2 cups (500 ml)

6. သံပုရာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ


ရေ – 5 cups (1250 ml) ထဲ ထုံး နှင့် ကျောက်ချဉ် ထည့်ကာ ထုံးများပျော်အောင် ဖျော်ထားပါ။


အခွံပြောင်စင်အောင်ခွါထားသော ကျောက်ဖရုံသီးကို အစေ့ နှင့် ပျော့သည့်အသားများ လုံးဝ မပါအောင်ဖယ်ထုတ်ပြီး လက်သန်းလောက်လည်း မသေး၊ လက်ညှိုးလောက်လည်း မကြီးသည့် အချောင်းလေးများ လှီးထားပါ။


လှီးပြီးသည့် ကျောက်ဖရုံသီးများကို ဖျော်ထားသည့် ထုံး၊ ကျောက်ချဉ်ရည်ထဲ ထည့်ကာ အဖုံး ဖုံးပြီး ၆ နာရီခန့် ထားပါ။ (ထိုအတောအတွင်း ရေပေါ် ပေါ်နေသည့် ကျောက်ဖရုံသီးဖတ်များ အတွက် ၃၊၄ ခါ အပေါ်အောက်လှန်ပြီး မွှေပေးပါ။)


၆ နာရီခန့်စိမ်ထားပြီးနောက် ထုံးများ ပြောင်စင်သွားအောင် ရေဆေး၊ ရေ စစ်ထားပါ။


ရေစစ်ပြီးနောက် ပွက်ပွက်ဆူနေသော ရေ – 5 cups (1250 ml)ထဲ ထည့်ပြီး အိုးအဖုံး မဖုံးပဲ high heat ဖြင့် ၃ မိနစ် တည်ထားပါ။ (ရေပြန်ဆူလာလျှင် အနည်းငယ်မွှေပေးပါ။)


ပြီးလျှင် ချက်ချင်း ရေအေးဖြင့် လုံးဝ အေးသွားသည်အထိ ဆေးကာ၊ ရေ ကုန်အောင် စစ်ပြီးနောက်…


အနည်းငယ် ခြောက်သွားအောင် paper towel (သို့) စက္ကူ ပေါ် ၁ နာရီခန့် ဖြန့်ထားပေးပါ။


၁ နာရီခန့် ဖြန့်ထားပြီးနောက် ကျောက်ဖရုံသီး နှင့် သကြား ကို ဇလုံထဲ ထည့်ပြီး နှံ့သွားအောင် ခပ်ဖွဖွမွှေကာ အဖုံး ဖုံးပြီး သကြားရည်များ ဖရုံသီးထဲ စိမ့်ဝင်အောင် တစ်ညအိပ်ထားပါ။ (ရေလုံးဝ မထည့်ရပါ။)


နောက်တစ်နေ့မနက်တွင် အောက်ပုံပါအတိုင်း ပျော်နေသော သကြားရည်နှင့် သကြားရည်များစိမ့်ဝင်နေသော ကျောက်ဖရုံသီး ကြည်ကြည်လေးများ ကို တွေ့ရမှာဖြစ်ပါတယ်။


ထိုသကြားရည်နှင့် ဖရုံသီးဖတ်များကို မကပ်သည့်အိုးထဲထည့်ကာ medium high heat ဖြင့် မိနစ် ၂၀ ခန့် တည်ထားပါ။ သံပုရာရည်ကို ဖြန့်ပြီးထည့်ပေးပါ။


သကြားရည်များပူပြီး အနည်းငယ် စပွက်လာလျှင် အိုးကပ်ပြီး မတူးအောင် မကြာခဏမွှေပေးဖို့ လိုပါတယ်။


မိနစ် ၂၀ ခန့် (သို့) သကြားရည်များ အောက်ပါပုံအတိုင်း ကော်ရည်ကဲ့သို့ ပျစ်လာသည်နှင့် medium low heat သို့လျှော့ကာ တတ်နိူင်သမျှ တစ်အိုးလုံး နှံ့အောင် ခြစ်ပြီး အဆက်မပြတ်မွှေပေးပါ။ (သကြား နှင့် ကျောက်ဖရုံသီးများ အိုးဖြင့်ကပ်ကာ တူးပြီး ရွှေဝါရောင်ပြောင်းသွားတတ်၍ အိုးကို ခြစ်ပြီးမွှေပေးဖို့လိုပါတယ်။)


၃ မိနစ်ခန့်ကြာလျှင် (သို့) သကြားအတုံးအခဲများ စဖြစ်လာလျှင် (သကြားက ခပ်ထန့်ထန့်အနေအထားပါ) low heat သို့လျှော့ကာ ၂ မိနစ်ခန့် အဆက်မပြတ်မွှေပေးပါ။ (မွှေရတာ လွယ်ကူမြန်ဆန်စေရန် spatula ကိုပြောင်းသုံးထားပါတယ်။)


အောက်ပုံပါအနေအထားအတိုင်း သကြားများ ခပ်ထန့်ထန့်ဖြစ်မနေတော့ပဲ လုံးဝခြောက်သွားလျှင် ဆက်ပြီး မပူနေစေရန် ဒယ်အိုးမှ ဖယ်ပြီး လင်ဗန်းတစ်ချပ်ထဲ ဖြန့်ထည့်၍ အအေးခံထားပါ။


အေးသွားပြီးနောက် ကြွပ်ကြွပ်လေးနှင့် သကြားရည်ဝနေသော ကျောက်ဖရုံ ယိုလေး အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။ ပိုသည်များကို လေလုံဗူးထဲ ထည့်သိမ်းပေးပါ။


အပိုထွက်လာတဲ့ သကြားတွေဘာလုပ်ရမှာလည်းဟင်လို့မေးရင် အမြဲတမ်း ဘာပြန်လုပ်ရမှန်း မစဉ်းစားမိလို့ ကျောက်ဖရုံယိုနဲ့ ရောပြီး သိမ်းထားတယ်လို့ ဖြေပါရစေ…..


Crd.ချောစု

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...