Labels

Sunday, September 11, 2022

အမဲကြောစွပ်အရည်သောက်ဆမ်း🤤


 အမဲကြောစွပ်အရည်သောက်ဆမ်း🤤

ကိုယ်ခံအားကောင်းပီး ခုခံအားမြင့်မားစေတယ်။

ကြက်စွပ်ပြုတ်ချည်းသောက်နေရတာငြီးငွေ့ရင် အမဲကြောစွပ်လေးပြောင်းသောက်ကြည့်နော်

အမဲကြောကိုအနေတော်လှီးပြီး 

အရင်ဆုံးသန့်စင်အောင်လုပ်ပါမယ်။ 

ဆားဖြင့်ပွတ်ပီးဆေးရင် အညှီနံသက်သာတယ်။

ပြီးရင်

ဂျင်း သကြား  ဆားထည့်ပြီး 

ဝါးလို့သည်အထိနူးအောင်ပြုတ်ပါ။

ရေခမ်းရင်ရေထပ်ရောပြီး စပါးလင် ငရုတ်သီး ကြက်သွန်နီကြက်သွန်ဖြူထည့်ပါ။ 

ချခားနီးရင်ပင်စိမ်းရှမ်းနံနံအုပ်ပါ။

စားသုံးချိန်တွင်  သံပုရာရည်ပါညှစ်ပီးသုံးဆောင်နိုင်ပါတယ်​ေနာ်။

Credit

ဟင်းချက်နည်းကောင်းများလေ့လာရန် pageကို like & follow လုပ်ထားပါနော်

No comments:

Post a Comment