Skip to main content

Posts

ဂျူံ ခေါက်ဆွဲကြော်(ဟောင်ကောင် စတိုင်)

 ဂျူံ ခေါက်ဆွဲကြော်(ဟောင်ကောင် စတိုင်) ............................. ရွှေမြင်းပျံ ဂျူံ ခေါက်ဆွဲခြောက်ကို သုံးထားပါတယ်။ ဟောင်ကောင်စတိုင်လ်ကြော်ထားတဲ့အတွက် ကြက်ဥမထည့်ထားပါဘူး။ နှစ်သက်ရင်တော့ ထည့်နိုင်ပါတယ်နော်။ ခေါက်ဆွဲကြော်တပွဲစာအတွက် လိုအပ်တာတွေကတော့ ကြက်သို့မဟုတ်ဝက်သား... ၅ကျပ်သား မုန်လာဥနီ.........အနည်းငယ် ရွှေပဲသီး.............အနည်းငယ် မုန်လာထုပ် ......အနည်းငယ် ကောက်ရိုးမှို ......အနည်းငယ် ကြက်သွန်မြိတ်... အနည်းငယ် ကြာညို့ (sweet soya sauce).ထမင်းစားဇွန်း၂ဇွန်း ပဲငံပြာရည် အနှောက်-(dark sauce)။.............၁ဇွန်း ခရုဆီ.......................ထမင်းစားဇွန်း၁ဇွန်း ငံပြာရည်အကြည်......ထမင်းစားဇွန်း၁ဇွန်း ငရုတ်ကောင်းမှုန့် ......အနည်းငယ် နှမ်းဆီ.......................အနည်းငယ် ဆား..........................အနည်းငယ် ဟင်းခတ်မှုန့်...............အနည်းငယ် ပြင်ဆင်ရန်နှင့်ကြော်ရန် ....................................... ဂျူံ ခေါက်ဆွဲခြောက်တဝက်ကို  အိအောင်ပြုတ်၍ ရေစစ်ထားပါ။ မုန်လာဥနီ၊ ရွှေပဲသီး၊ မုန်လာထုပ်၊ ကောက်ရ်ိုးမှို၊ ကြက်သွန်နီနှင့် ့ ကြက်သွန်မြိတ်အနည်းငယ်စီတို့ကို လှီးဖြတ်ထားပါ။ ကြက်...

#ကြက်ချဉ်စပ်ဟော့ပေါ့ချက်နည်းလေးပါ ..

  #ကြက်ချဉ်စပ်ဟော့ပေါ့ချက်နည်းလေးပါ .... #ပါဝင်ပစ္စည်း -ကြက်သား(အိမ်မှာကတော့လူ၄ယောက်စာဗမာကြက်တစ်ကောင်ထည့်ပါတယ် စားမယ့်လူပမာဏနဲ့ချိန်ပြီးကြိုက်သလောက်ထည့်ပေါ့နော်😁) -ကြက်သွန်ဖြူ/ဂျင်းအနည်းငယ် -ဟော့ပေါ့အနှစ်ထုပ်(အခုပုံမှာပြထားတဲ့အနှစ်ထုပ်လေးကစျေးချိုပြီးခိုင်လီကြက်ချဉ်စပ်ဟော့ပေါ့အရသာနဲ့တော်တော်လေးဆင်ပါတယ်) အခုချက်ပြထားတဲ့အိုးမျိုးဆိုရင်တော့တစ်ထုပ်ခွဲလောက်ထည့်ရပါတယ် -အသားမှုန့်/ဆားအနည်းငယ် -CP chicken/pork sausage ကျန်တာတွေကတော့ပြောတော့ဘူးနော်😁ကိုယ်ကြိုက်နှစ်သက်ရာအသား/ဟင်းသီးဟင်းရွက်အမျိုးမျိုးထည့်လို့ရပါတယ်(ကြက်ချဉ်စပ်ဟော့ပေါ့ဖြစ်တဲ့အတွက်ကြက်သားကတော့မပါမဖြစ်ပေါ့နော်) #ချက်ပြုတ်နည်း -ဆီကိုအိုးကပ်တယ်ဆိုရုံလေးထည့်ပြီးဂျင်းနဲ့ကြက်သွန်ဖြူကိုဆီသတ်ပါ -အနံ့လေးမွှေးလာပြီဆိုကြက်သားထည့်ပါ (ကြက်သားကိုဆား/ဆနွင်း/အချိုမှုန့်အနဲငယ်ထည့်နယ်ထားပေးပါ) -ကြက်သားအရောင်ပြောင်းပြီးအနဲငယ်ခြောက်လာပြီဆို ဟော့ပေါ့အနှစ်ထည့်ပါ ရေမထည့်သေးပဲကြက်သားနဲ့ဟော့ပေါ့အနှစ်ကို၅မိနစ်ခန့်ချက်ပေးပါ ပြီးရင်ရေထည့်ပါကြက်သားကျက်စေရန်၁၀/၁၅မိနစ်ခန့်တည်ထားပေးပါ(ဒီအဆင့်မှာတခြားအသား/အသားလုံးစတဲ့ကျက်ဖို့လိုတဲ့အဆာပလာတွေထည့်ထားလို့ရပါပြီ)...

#ကပ်ကြေးကိုက်လုပ်နည်း ( ၃ ပွဲစာ)💕💕💕

  #ကပ်ကြေးကိုက်လုပ်နည်း ( ၃ ပွဲစာ) ကပ်ကြေးကိုက်ကြော်နည်း တကယ့်အစစ်ကတော့ ပင်လယ်စာအစုံနဲ့ပါ။ ပင်လယ်စာ ၃ မျိုး၊ ကြက်သား၊ ၀က်အူချောင်းတို့နဲ့ကြော်ထားပါတယ်။ ကပ်ကြေးကိုက် ကတော့ လူတိုင်းနည်းပါးကြိုက်ကြပါတယ်။ သူ့အရသာက ချဉ်စပ်လေးနဲ့ပဲပြုတ်စိမ့်စိမ့်လေးနဲ့အရမ်းကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။ ပါ၀င်သောပစ္စည်းများ ၁။ ကပ်ကြေးကိုက်ခေါက်ဆွဲ (သို့) ညှပ်ခေါက်ဆွဲ - ၂၅ ကျပ်သား (သို့) ၁ ပေါင် ၂။ ခေါင်းမပါသော ပုဇွန် - ၁၀ သား ၃။ ပြည်ကြီးငါး - ၅ ကျပ်သား ၄။ ဂဏာန်းအသား - ၅ ကျပ်သား ၅။ ကြက်သား - ၅ ကျပ်သား ၆။ ၀က်အူချောင်း - ၅ ကျပ်သား ၇။ ပဲပြုတ် - လက်တဆုပ်စာ ၈။ ပဲပင်ပေါက် - လက်တဆုပ်စာ ၉။ ဆီ - ထမင်းစားဇွန်း ၆ ဇွန်း ၁၀။ ပအုန်းရည် - ထမင်းစားဇွန်း ၃ ဇွန်း (မရှိလျှင် ရှာလကာရည်ကို အသုံးပြုနိုင်ပါတယ်။) ၁၁။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း ၁၂။ ပဲငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း ၁၃။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း ၁၄။ ပဲငံပြာရည်အပျစ် (ကြာညို့) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၁၅။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၁၆။ ငရုတ်သီး အကြမ်းမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း (အစပ်မကြိုက်လျှင် လျော့ထည့်ပါ။) ၁၇။ ကွကျဥ - ၂ လုံး ( ထမင်းစာ...

အာလူးပူရီလုပ်စားရအောင်😍😍😍

 ဒီနေ့မနက် အာလူးပူရီပါ         စတီးဇလုံတခုမှာရိုးရိုး ဂျုံမှုန့်ကို zebra စတီးဟင်း ခတ်ဇွန်းနှင့်မောက်မောက် ၅ ဇွန်းထည့်ပါ ရေ ၃ ဇွန်းထည့်ပါ ဆီ ၁ ဇွန်းထည့်ပါ ဆားနဲနဲ ထည့်ပါ ဇီယာစေ့ရှိရင်နဲနဲထည့်ပါ လက်ဖနှောင့်ဖြင့်ဖိပြီးဂျုံကိုနယ်ပေးပါ မုန့်သား​ညက်ပြီး ပြောင်ချောလာသည့်အထိ ၁၀ မီနစ်ခန့်နယ်ပေးပြီးအဖုံး အုပ်ကာ ၁ နာရီခန့်နှပ်ထားပါ ပြီးရင်မုန့်သားအလုံးကို စဥ့်နီတုန်းသစ်သားအပြားပေါ် ဂျုံမှုန့်နဲနဲဖြူးကာတင်ပြီးအရှည်လိမ့်ကာ အပိုင်း ၈ ပိုင်း ဖြတ်ပြီးလုံးထားပါ လုံးထားတာတခုချင်းကိုဖိပြားပြီးဂျုံ မှုန့်ဖြူးပြီးဒလိမ့်တုံးဖြင့်အဝိုင်း ပြားလိမ့်ပါ အဝိုင်ပြားတခုချင်းကိုဆီများများဆီပူပူတွင် ကြော်ပါ ကြော်နေစဥ်မုန့်သား ပေါ်ကိုဆီပက်ပေးပါ အဲဒါမှ မုန့်သားဖေါင်းလာပါမယ် နီရောင်သန်းလာရင်ဆီစစ်ပြီးဆယ်ယူပါ ကျန်တာကိုလည်း ဆက်ကြော်ပါ ပူရီမုန့်ရပါပြီ             အာလူးကိုအခွံသင်ပြီး စိတ်လှီးကာရေမြုပ်အောင် ထည့်ပြီးကျက်အောင်ပြုတ်ပါ ရေစဆူပြီးမီနစ် ၂၀ ကြာရင် အားလူးကျက်ပါသည် ကြက်သွန်နီကိုစင်းလှီးထားပါ ချင်းကြက်သွန်ဖြူကိုညက်ညက်ထောင်းထားပါ ခရမ်း ချဥ်သီးကိုအတုံးသေးသေးလှီးပါ ငရု...

ကြက်သားလိပ်လုပ်နည်း

  ဟင်းချက်နည်း    ·  ကြက်သားလိပ်လုပ်နည်း -------------------- ကြက်သား သို့မဟုတ် ဝက်သား နှစ်သက်ရာအသားနဲ့ ကြော်နိုင်ပါတယ်။ အတွင်းဘက်ကအဆာအတွက် ကြက်သားအပြင် ကြက်သွန်နီနဲ့ ဂေါ်ဖီထည့်ထားတော့ အနံ့အရသာ ပိုကောင်းသွားတယ်။ အဆာကို ကော်ပြန့်ဖက်နဲ့လိပ်ပြီးမှ တမ်ပူရာထဲမှာ နှစ်ကြော်ထားတဲ့အတွက် အတွင်းကအစိုဓာတ် အပြင်ကိုရောက်မလာအောင် ကော်ပြန့်ဖက်က ထိမ်း ထားလိုက်ပါတယ်။ အပြင်ဘက်က ကြွပ်ကြွပ်လေးနဲ့ အတွင်းဘက်က အနံ့အရသာကောင်းပြီး နူးညံ့တဲ့ကြက်သားနဲ့ ဟင်းရွက်တို့ကို တစ်ကိုက်လောက်ဝါးမိတဲ့အခါ နှစ်သက်ကြမှာ အသေချာပါ။ ပါဝင်သောပစ္စည်းများ(၆ လိပ်) -------------------- • ကြက်သား - ၂၅ ကျပ်သား • ချင်း - ပါးပါး ၂ ပြား • ဂေါ်ဖီ - ၁ဝဝ ဂရမ် ( ၆ ကျပ်သားခန့်) • ကြက်သွန်နီ - ၁၅ဝ ဂရမ် ( ၁ဝ ကျပ်သားခန့်) • ဆား - အနည်းငယ် • ကော်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း မောက်မောက် • ဆန်မှုန့်/ ဂျုံမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း • တရုတ်မဆလာ - အနည်းငယ် • ကော်ပြန့်ဖက် - ၆ ရွက် • အကြော်မှုန့် - ၉ဝ ဂရမ် ( ၆ ကျပ်သားလျှော့လျှော့) • ကြော်ရန်ဆီ - လိုသလောက် ချက်နည်း -------------------- ၁။ ကြက်သား (ရင်ပုံသား/ပေါင်သား)ကို ဆားနဲ့နယ်၊ ...

ကောက်ညင်းငချိတ်ပေါင်း

  ကောက်ညင်းငချိတ်ပေါင်း ကောက်ညင်း ပေါင်း အလွယ်ပေါင်းနည်း ကောက်ညင်းရေဆေးပြီး rice cooker ထဲထည့်ပြီး ကောက်ညင်းနဲ့ ရေတညီတည်း ထည့်ပြီး ထမင်းချက်သလိုချက်ပါ။ ကောက်ညင်းငါးချိတ်ဆိုရင် မနက်ချက်ရင်ညကတည်းကရေစိမ်ထားရပါတယ် ပဲပြုတ်နည်း ပဲက ၁ ရက် ရေစိမ် ပြီးရင် ဇကာလေးထဲထည့် အပေါ်က ဖက်ရွက်အုပ် အစို့ဖေါက် ၃ရက်ဆို ရပြီ ပြုပ်မယ်ဆိုရင် စားဆော်ဒါ နဲနဲ ထညိ့ ရေကပဲနဲု တညီတည်းထည့်မီးအေးအေးနဲ့ ရေခန်းခါနီါ်းထိ တည်ထား တချက် နှစ်ချက် အပေါ်အောက်လှန်ပေး  မေ့လို့ ထန်းလျှက်တစ်ခဲ လောက်ထည့် ပြုပ် အချို ပိုလေးတယ် ဆော်ဒါ ထည့်မှအိတာ မထည့်ရင် ကြာလဲကြာတယ် မာလဲမာတယ် အစို့မဖေါက်လည်း ရတယ် ရေ တရက်စိမ်ထား အစို့ဖေါက်ပြီးပြုပ်တော့ပိုကောင်းတယ် အစို့ဖေါက်ရင် တနေ့ကို ရေ ၃ ၄ခါလောင်းပေးရတယ် ရေခန်းလို့မာရင်ရေနဲနဲထပ်ထည့် မီးအေးမှ မီးများရင် မနူးဘူး ရေများရင် အခွံတွေ ကြွပ် ကုန်တယ် credit :

တုံယမ်းဟင်းချိုချဥ်ချဥ်စပ်စပ်လေ

 ဆိုင်ချက်အရသာ တုံယမ်းဟင်းချိုချဥ်ချဥ်စပ်စပ်လေး အိမ်မှာကိုယ်တိုင်ချက်စားလိုသူများအတွက် 💛 ကြက်သား/ဝက်သားပြုတ်ရည်ထဲသို့ ရှောက်ရွက် စပါးလင် တုံယမ်းအနှစ် ဆား သကြားဂျင်း+ကြက်သွန်နီ+ကြက်သွန်ဖြူ အခွံခွာပြီးအတုံးလိုက်ထည့်ပြုတ်ပါ ဟင်းရည်ဆူပွက်လာရင်နို့စိမ်းထည့်ပါ စားလိုသောအသား ငါး ပင်လယ်စာထည့်ပါ အသားကျက်ရင် အသီးနှံများထည့်ပါ ပီနံငရုတ်သီးထက်ခြမ်းခွဲထည့်ပါ ရှမ်းနံနံ/နံနံပင်အုပ်ပါ သံပုရာရည်ညှစ်ထည့်လိုက်ပါ ☺ ဒါဆိုစားမြိန်စေမယ့် တုံယမ်းချဥ်စပ်ဟင်းရည်လေးရပါပြီနော် 🤗