Skip to main content

ကြေးအိုး ချက်နည်းလေးမျှဝေမယ်နော်

 ကြေးအိုး ချက်နည်းလေးမျှဝေမယ်နော် 😋

ရုံးပိတ်ရက်မှာ အလွယ်တကူ ချက်စားလို့ရအောင် Share ပေးလိုက်တယ်နော်....

ကြေးအိုးက ဆိုင်မှာ စားရသလို တူပါ့မလားဆိုတဲ့ စိုးရိမ်မှုပါဘဲ။ စိတ်မပူပါနဲ့။ ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ချက်နည်းအတိုင်းသာ ချက်ပါ။ တထပ်တည်း မကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါမယ်။ အသားလုံးတဲ့ အခါမှာလည်း တရုတ်မဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ်။ အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ငါးဖယ် ၀ယ်မရခဲ့ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။ ကြေးအိုးပြုတ်ပူပူလေးကို ချက်စားရင်း အေးချမ်းလှတဲ့ ဆောင်းတွင်းမှာ ခံတွင်းမြိန်လို့ ပျော်ရွှင်နိုင်ကြပါစေ။

ပါ၀င်သော ပစ္စည်းများ

၁။ ကြက်ရိုး (သို့မဟုတ်) ၀က်ရိုး

၂၊ အူစုံ ၊ အသည်းစုံ

၃။ တောက်တောက်စင်းထားသော အသား

၄။ ငုံးဥ

၅။ ပဲပြား

၆။ မုန်ညင်းစိမ်း

၇။ ဆန်ပြား၊ ကြာဆံ

၈။ ဘဲငန်းပျံ ငရုပ်ဆီ

၉။ ရှာလကာရည်

၁၀။ ငရုပ်သီးစိမ်း

၁၁။ ကြက်သွန်ဖြူ

ဟင်းရည်

အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေနှင့် ထည့်ပြုတ်ပါ။ ဆား ၊ အချိုမှုန့်သုံးလျှင် အချိုမှုန့် ထည့်လို့ ရပါတယ်။ ဒါပေမဲ့ ကြက်သားမှုန့်မထည့်ပါနဲ့ ။ အရသာကို ပြောင်းသွားနိုင်လို့ပါ။ နောက်ပြီး သကြားကို ချိန်ဆ ပြီး ထည့်ပါ။ အချိုလေးလေး ဖြစ်အောင် ချိန်ဆ ထည့်ပါ။ အရိုးများ နူးနေသည်အထိ ပြုတ်ပေးပါ။

သတိပြုရန်မှာ- အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက်မထည့်ပါနဲ့။ အထူးသဖြင့် ချင်း၊ တရုတ်နံနံ လုံး၀ မထည့်ရပါ။

အသားနှင့် အရွက်များ ပြင်ဆင်ခြင်း

၁။ တောက်တောက်စင်းထားသော အသားများကို ကော်မှုန့်၊ ဆား၊ အချိုမှုန့် ၊ ကြက်ဥ ၊ တရုတ်ကြက်သွန်မြိတ်၊ ငရုပ်ကောင်း တို့နှင့် နယ်ပြီး နှပ်ထားပါ။

၂။ မုန်ညင်းစိမ်းကို အရွက် ချွေထားပါ။

၃။ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီးပြီး ဆား၊ အချိုမှုန့်တို့နှင့် နယ်ထားပါ။ အမျိုးအစား တခုချင်းဆီကို ရေလဲပြီး တခုချင်းစီ ပြုတ်ပါ။ ဗန်းထဲတွင် အသင့်ပြင်ထားပါ။

၄။ ငုံးဥကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထားပါ။

၅။ ပဲပြားကို လိုသလောက် လွာထားပါ။

၆။ ဆန်ပြားနှင့် ကြာဆံကို ရေစိမ်ပြီး စစ်ထားပါ၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ။

နှမ်းဆီ ၊ငရုပ်ကောင်း ပြင်ဆင်ထားခြင်း

နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့်ပြီး ပွဲပြင်မည့်နားတွင် အဆင်သင့် ပြင်ထားပါ။

ပွဲပြင်နည်း

သီးသန့်လက်ကိုင်အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်ပါ။

တည်နေချိန်တွင် အသားကို လုံးပြီး ထည့်ပါ။

အူစုံ အသည်းစုံ ထည့်ပါ။

ကြာဆံ (သို့) ဆန်ပြားကို အလိုရှိသလောက် ထည့်ပြုတ်ပါ

ပဲပြားထည့်

ငုံးဥ ထည့်

အရွက်စိမ်း နောက်ဆုံးမှ ထည့်ပါ

ပွက်ပွက်ဆူလာလျှင် အသား ကျက်မကျက် ချိန်ဆပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ။

ပြီးရင် နှမ်းဆီ၊ ငရုပ်ကောင်း (သို့) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက် ထည့်ပြီး စားပါ။

အချဉ်ရည် ပြင်ဆင်နည်း

ငရုပ်သီးစိမ်းကို ပါးပါးလှီးပါ။

ရှာလကာရည် ၃ ဇွန်း

သကြား တစ်ဇွန်း

ဆား အနည်းငယ်

ငံပြာရည် အနည်းငယ် နှင့် ရေအနည်းငယ် ထည့်ပါ ( ရေကျက်အေး)

အားလုံးကို ထည့်မွှေပါ၊ ပြီးလျှင် အချဉ် နဲ့အပေါ့ကို မြည်းပြီး လိုတာ ထပ်ထည့်ပါ။

ငရုပ်ဆီနှင့် တွဲပြီး ကြေးအိုးကို စားနိုင်ပါပြီ။

Credit -


Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...