Skip to main content

တို့ဟူးနွေး ပြုလုပ်နည်း ´

 ကြိုက်သူများအတွက် ``


တို့ဟူးနွေး ပြုလုပ်နည်း ´´

I. တို့ဟူးနွေး ကျို ရန်  - 

ပါ၀င်ပစ္စည်းများ

မွှေးပဲမှုန့် -   အစိမ်း  - ၂၅ကျပ်သား

မွှေးကော်မှုန့် -   ၁ခွက် (လက်ဖက်ရည်ပန်းကန်လုံး)

ရေ -   ၃ လီတာ

ဆား  -   အနည်းငယ်

နနွင်းမှုန့် -   အနည်းငယ်

ပြုလုပ်နည်း -

ပဲမှုန့်အစိမ်း နှင့် ရေ ၃ လီတာ ခန့်ဖြင့် တညသိပ် ဖျော်ထားပါ။

မနက်စောစော တို့ဟူး မကျိုမီ အရည်ဖျော ထားသည့် ပဲရည်၏ အပေါ် ရေကြည် ၃ပုံ -  ၂ ပုံခန့်ကို ဆား ၊နနွင်းမှုန့် အနည်းငယ်နှ င့်အတူ ရောရ်ျ မီးအနေတော် ထားရ်ျ ကျိုပါ။  နှစ်သက်က ဟင်းချိုမှုန့် အနည်းငယ်ထ ည့်နိူင်ပါသည်။

ကျန် ဖျော်ထားသည့် အရည် ၁ ပုံကို ဖယ်ထားပါ။

ပဲရည်ပူရ်ျ မဆူပွက်ခင်တွင် ဖယ်ထားသည့် အရည် ၁ ပုံကို နှံ့စပ်အာင် မွှေပြီး ဖြည်းဖြည်းခြင်းလောင်းထည့်ပါ။

ပဲအနှစ်ရည်သည် အနည်းငယ် ပြစ်လာပါလိမ့်မည် ။ အဆက်မပြတ် မွှေပေးနေပါ ။


အပျစ်အကျဲ စိတ်ကြိုက်အနေအထားရ၍ ပဲနံ့ပျောက်ပြီး တို့ဟူးနံ့ မွှေးလာလျှင် မီးအေးအေးဖြင့် ဆက်တည်ထားပါ ။ဖိုပေါ်မှ ချလုက်လျင် အတုံးခဲသွားပါမည်။

II. ဆီ မွှေး ပြု လုပ်ရန် 

ပါ၀င်ပစ္စည်းများ

ငရုတ်ကောင်း

ဝှါးကျောင်းစေ့

ရှောင်ကေား

ကြက်သွန်ဖြုဆီချက်

ငရုတ်သီးကြော်

မြေပဲ မညက်တညက်ထောင်း

နမ်းလှော်

ထန်းညက်ရည်

ပဲငံပြာရည် အပျစ်

ကြက်သွန်မိတ် 

နံနံပင် 

ဆန်စီး ခေါက်ဆွဲ သို့ ရေစိမ် (ခေါက်ဆွဲပါ ထည့်စားမည်ဆိုပါက)

ပြုလုပ်နည်း -

ဒယ်အိုးထဲတွင် ရှောင်းကား ၊ ငရုတ်ကောင်းစေ့ ၊ ဝှါးကျောင်းစေ့ကို လှော်ပြီး လုံးခြမ်းခွဲ ထောင်းပြီး ပန်းကန်လုံးထဲ ထည့်ထားပါ။

ငရုတ်ခွဲကြမ်းမှုန့် ကိုလဲ ပန်းကန်လုံး နောက်တခုထဲ ထည့်ထားပါ။

အိုးထဲတွင် ဆီများများကို အပူပေးပြီး ပူလာသည့် ဆီကို အမွှေးအကြိုင်များ ထည့်ထားသည် ပန်းကန်လုံးများ ထဲသို့ လောင်းထည့်ပါ။

ငရုတ်သီး ဆီချက်ကိုလဲ ထိုနည်း အတိုင်းပြုလုပ်ပါ။

လက်ကျန်ဆီထဲတွင် ကြက်သွန်နီကို အကြွပ်ကြော်ပြီး စစ်ထုတ်ပါ။

ကြက်သွန်ဖြူကို မညှက်တညှက် ထောင်းပြီး ဆီချက် ချက်ရ်ျ နှမ်းလှော်ပါပေါင်းထည့်ပါ။

မြေပဲလှော်ကိုမညှက်တညှက်ထောင်းပါ။

ထန်းညှက်နှင့် ပဲငံပြာရည်အပျစ်ကို ခပ်ပျစ်ပျစ်ကျိုပါ။

နံနံပင် နှင့် ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။

ကြက်သွန်ဖြူ နှင့် နံနံပင် အနည်းငယ်ကို ညှက်နေအောင် ထောင်းပြီး ရေခပ်နွေးနွေးနှင့်ဖျော်ထားပါ။

III. မုန့် ပွဲ ပြင် နည်း

ခေါက်ဆွဲကို တစ်ပွဲစာ စားမည့် ပန်းကန်လုံး ထဲတွင်ထည့်ရ်ျ တိုဟူး ပူပူထဲတွင် နှစ်လိုက်ပြီး တိုဟူးနှစ်ရည်ကိုပါ ထည့်လိုက်ပါ။

ပြီးလျင် အပေါ်မှ ပြင်ဆင်ထားသည့် မြေပဲထောင်း ၊ ဆီမွှေး ၊ ငရုပ်ဆီ နှင့် နှမ်းလှော် ၊ ကြက်သွန်ဖြူအစိမ်းရည် ၊ ထန်းညက်ရည်ကျို ၊ နံနံပင် ၊ ကြက်သွန်မိတ် တို့နှင့် ပြင်ရ်ျ စားကြသည်။

တို့ဟူးနွေး နှင့် တွဲ၍ တို့ဟူးကြော် ၊ အီကြာကွေး ဝက်ခေါက်ကြော် တို့နှင့်လည်း တွဲ

စားကြပါသည် ။

WinWin KT for FOOD/Credit

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...