Labels

Tuesday, August 23, 2022

ပုစွန်ဂွေးသီးငပိချက်


 ပုစွန်ဂွေးသီးငပိချက်

🍚🍴🍲

✏ ပုစွန် ၂၀ သား

......ခေါင်းအမြီးခြွေပြီး ဆား ဆွင်း အရသာမှုန့်နယ်ထားပါ။

✏ ဂွေးသီးအလုံး ၃၀

......ပါးပါးလှီးပြီးဆားအနည်းငယ်ဖြူးထားပါ။

✏ ငရုတ်သီးစိမ်း ၅ ကျပ်သား

......ရေဆေးအညှာခြွေပြီးညှပ်ထားပါ။

✏ ငရုတ်သီးခွဲခမ်းမှုန့် ၂ ဇွန်း

✏ မျှင်ငပိ ၁ဇွန်း

✏ ငါးငံပြာရည် ၁ဇွန်း

✏ ကြက်သွန်ဖြူ ၃ လုံး၊ အနီ ၄ လုံး

......ထောင်းထားပါ။

ချက်မယ်နော်

♨ ဒယ်အိုးထဲဆီထည့် ဆီပူလာရင်

......ကြက်သွန်ဖြူနီထောင်းထားတာဆီသတ်

......ရွှေဝါရောင်သန်းပြီးမွှေးလာရင် ငရုတ်သီးခွဲခြမ်းထည့်

♨ ပုစွန်ထည့်ကြော်ပြီး

♨ ဂွေးသီးလှီးထားတာရယ် ငရုတ်သီးစိမ်းထည့်

♨ မျှင်ငပိထည့် ငါးငံပြာရည်ဖြန်း...ပြီးရင်ရပါပြီနော်

👩သူငယ်ချင်းမိတ်ဆွေများအားလုံး အစာအဟာရနဲ့ကျန်းမာကြပါစေ

Credit Mar Lay

No comments:

Post a Comment