Skip to main content

ကြာရိုး ငပိချက်

 



ကြာရိုး ငပိချက်

အောက် ပြည် အောက်ရွာ မှာ

မိုးတွင်းဆို ကြာပန်းတွေ လှိုင်လှိုင် ပွင့်တော့

မိုးရေထဲ မှာ ကြာပန်းတွေ ခူးပြီး

တောဓလေ့ ငပိချက်လေးချက်စားကြတယ်

ရွာမှာ လို ရွာအပြင်ဖက်ထွက် ပြီး

ကြာရိုးပန်းတွေ ခူး ချင်ပေမဲ့

ရန်ကုန် မှာ နေတော့

ကြာပန်းလဲ ခူး စရာ မရှိပါဘူး

ဈေးမှာ ရောင်းတဲ့ ကြာ  ခွေ / ကြာရိုး ဝယ်ပြီး

ငပိချက် လေး ချက်စား ပါတယ်

ကြာရိုးငပိချက် လေး ချက်စား ကြ ပါအုံး

ကဲ ချက်ကြစို့...

ကြာရိုး             ကြာရိုးကို ကလေး ဘဝက ကြာဆွဲ ကြိုးလုပ်သလို ချိုးပြီး အပြင်ဖက် က အမျှင် ဆွဲ ချပြီး ဖြတ်ထားပါ

ကြက်သွန်နီ.ကြက်သွန်ဖြူ.ငရုပ်သီးစိမ်း      ထောင်းထားပါ

နနွန်းမုန့်

ငပိ     ကို ရေဖျော်ထားပါ

မန်ကျည်းမှဲ့   ရေဖျော်ထားပါ

ပုဇွန်ခြောက်  ထောင်းထားပါ

အရသာမူန့်

ဆီ          အနည်းငယ်

ချက်ကြမယ်......

အိုးထဲ ကို ဆီထည့်ပါ

ဆီပူရင် ထောင်းထားတဲ့ အနှစ်ကို ဆီသတ်ပါ

နနွန်း မူန့်ထည့်ပါ

ပုဇွန်ခြောက်မူန့် ထည့်ပါ

ပြီးမှ ကြာရိုးထည့်ချက်ပါ

ရေမထည့်ပါနဲ့

ကြာရိုးက ရေထွက်လာမှာပါ

ငပိရေဖျော် ထည့်ပါ

မန်ကျည်းရည် ထည့်ပါ

အရသာမူန့် ထည့်ပါ

လိုအပ်မှ ရေထည့် ပါ

#villagecurry

#lotusstemcurry

#artoflivingbymyintootha

#ကြာရိုးငပိချက်

#foodconsultant

Credit

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...