ကြက်သား ကာလသဟင်း
----------------------------------------
ပွဲတော်ရက်များမှာ ကာလသား(လူငယ်) များစုပြီ အပျော်အဖြစ် ရွာထဲက ကြက်များကို ခိုးယူကာ ဗူးသီးရော ချက်ပြုတ်တဲ့ ဓလေ့ရှိတာမို့ ကြက်သား ကာလသဟင်းဟု အမည်တွင်ခြင်း ဖြစ်ပါတယ်။ ကာလသားတွေ ချက်စားတဲ့ ကြက်သား ကာလသားဟင်း ဘယ်လောက် စားကောင်းလည်း ဆိုတာသိဖို့ ကိုယ်တိုင် ချက်ကြည့်ရအောင်…
----------------------------------------
ပါဝင်ပစ္စည်းများ
ကြက်သား – ၄၅၀ ဂရမ် (အတုံးသေးများ တုံးပါ)(ကြက်ပေါင်၊ တောင်ပံ၊ ကြက်ခြေထောက် မိမိကြိုက်နှစ်ရာ ထည့်ချက်နိုင်သည်)
ဗူးသီး – တဝက် (အခွံနွှာပြီ တကိုက်စာ အရွယ်လေးများ တုံးပါ)
ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
ဂျင်း – လက်တဆစ် (မညက်တညက်ထောင်းပြီ အရည်ညှစ်ပါ)
စပါးလင် – ၁ခု (မညက်တညက် ထောင်းကာ ချည်ပါ)
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တဝက်
ဆား – လက်ဖက်ရည်ဇွန်း တဝက်
ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
----------------------------------------
ချက်ပြုတ်နည်း
၁။ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ဆီသပ်ပေးပါ။
၂။ ပြီနောက် ဆနွင်းမှုန့်၊ ငရုတ်သီးမှုန့်၊ စပါးလင် ထည့်ပြီ မိနစ်ဝက်ခန့် မွှေပေးပါ။
၃။ ပြီမှ ကြက်သား၊ ဆား ထည့်က၂မိနစ်ခန့် လုံးချက်ပေးပါ။
၄။ ရေ(၂ခွက်) ထည့်ပေးပြီ ကြက်သားကို ဆူအောင် မီးအသင့်တင့်ဖြင့် ၁၀မိနစ်ခန့် တည်ထားပါ။
၅။ ထို့နောက် ဗူးသီး၊ ငါးငံပြာရည်၊ ရေ(၂ခွက်) ရောပြီ နောက်ထပ်၅မိနစ်ခန့် ဆူအောင် တည်ပါ။
၆။ ဗူးသီး အနည်းငယ် နွမ်းသွားလျှင် အရသာအပေါ့အငံ့မြည်းပြီ မီးပိတ်လိုက်ပါ။
ရ။ အရသာကောင်းမွန်တဲ့ ကြက်သား ကာလသားဟင်းကို အရသာရှိစွာ ထမင်းဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ.
Credit : Wutyee Food House
No comments:
Post a Comment