Skip to main content

Posts

ငါးပိရည်ကောင်းကောင်းတစ်ခွက်

  ငါးပိရည်ကောင်းကောင်းတစ်ခွက်ရှိရင် အသားဟင်းတောင်မလိုဘူးနော်  ပြုလုပ်နည်းများ  " ငရုတ်ကြိတ်ငပိရည်ဖျော်နည်း ချဉ်ဖတ်စိမ်နည်း နှင့် တို့စရာစိမ်းအောင်ပြုတ်နည်း " တို့စရာစိမ်းအောင်ပြုတ်နည်း ရေနွေးဆူဆူထဲတို့စရာထည့်ပြုတ်ပြီး တို့စရာနွမ်းလောက်ပြီဆိုရင်ဖြင့် ဇကာနဲ့ဆယ်ယူပြီး ရေအေးဖြင့်ချက်ချင်းစိမ်ပေးရုံပါဘဲ ဒါဆို တို့စရာစိမ်းစိမ်းလေးရမှာ Credit post အိုးကြီးငပိရည်ဖျော်နည်း နော့ အတွက်ကတော့ အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့  နော့ရဲ့ ငပိရည်ဖျော်နည်းလေးကို ပြန်လည်မျှဝေပေးပါမယ်  >>( ဆရာလုပ်တာမဟုတ်ပါဘူးနော့) <<  ငါးပိရည်ဖျော်တဲ့နေရာမှာ လူတိုင်းကတော့ ကိုယ်ကြိုက်သလိုလေး ဖျော်စားကြတယ် တစ်ချို့ဆို ငါးမီးဖုတ်လေးနဲ့ဖျော်တယ် တစ်ချို့ဆို ပုဇွန်းလှော်ပြီးတော့ ဖျော်ကြတယ် အမျိုးအမျိုးဖျော်စားကြတယ်  >> နော်ကတော့ ငပိရည်တို့စရာလုပ်ရောင်းတဲ့သူဆိုတော့ ငါးပိရည်ကို ပလိန်းလေးပဲဖျော်တယ် ပလိန်းဆို့လို့ မကောင်းဘူးတော့ မထငျလျုကျနဲ့နော့   ငါးပိရည် စကျိ ုတော့မယ်ဆိုရင်  > 1 ဒယ်အိုးထဲကို ဆီနဲနဲလေးထည့်ပြီးရင် နနှငျူထညျ့ နနွင်းလေးကျက်ပြီဆိုရင်  ငါးပိကိုထည့်ဆီသပ်ပြ...

သီးစုံချဉ်ရေဟင်း ချက်နည်း

  သီးစုံချဉ်ရေဟင်း ချက်နည်း  ======================= ပထမဦးစွာ ... ဒန့်သလွန်သီး ဗူးသီး ခရမ်းသီး ပဲသီး ဖရုံသီး ပဲဇောင်းလျားသီး အာလူး ရုံးပတီသီး များကို အနေတော်အရွယ်လှီးဖြတ်ပါ ... ရုံးပတီသီးအား ဖယ်ထား၍ လှီးဖြတ်ထားသော အသီးအရွက်များအား ရေစင်အောင်ဆေးပြီး ဟင်းချက်မည့်ဒန်အိုးထဲထည့်ထားပါ ..။ ကြက်သွန်နီ နှစ်ဥခန့်ပါးပါးလှီးထား ကြက်သွန်ဖြူ တစ်ဥခန့် အခွံသင် ဒါးပြားရိုက်ထားပါ ... အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင်တော့ ဒယ်အိုးထဲ ဆီအသင့်အတင့်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ကြက်သွန်နီ ဆီသပ်ပါ ... ကြက်သွန်နီ အရောင်ပြောင်းလာလျှင် ဒါးပြားရိုက်ထားသော ကြက်သွန်ဖြူထည့် တစ်လက်စထဲ ငရုပ်သီးအစိမ်းမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းခွဲခန့် ထည့်၍ ဆီသပ်ပါ ... ( ငါးခြောက်ရိုး ကုလားပဲတို့ဖြင့် ချက်လိုလျှင် ဆီသပ်အိုးထဲသို့ ငါးခြောက်ရိုး ပဲပြုတ်ထားပြီးသားများ ဆီထည့်သပ်ပါ ... မဆလာကြိုက်လျှင် မဆလာပါရောထည့် ဆီသပ်ပါ ...) ဆီသပ်ခြင်းကိစ္စ ပြီးဆုံးသွားပြီ ဆိုလျှင်တော့ ခုဏက ရေဆေးသန့်စင်ပြီး ထည့်ထားသော သီးစုံအိုးဒန်အိုးထဲသို့ ဆီသပ်များသွန်ထည့်ပါ ... အရသာ ဆား ဟင်းခတ်မှုန့် လိုအပ်သလိုထည့် ရေထည့်ပြီး တယ်ပါလေ ...။ သီးစုံအိုးတယ်ထား...

#ငါးခေါင်းဒန့်သလွန်ဟင်း

  #ငါးခေါင်းဒန့်သလွန်ဟင်း ပါဝင်ပစ္စည်း  ⏭⏭⏭ ငါးကြင်းခေါင်း ၃ ခေါင်း ဒန့်သလွန်သီး ၈ တောင့် ခရမ်းချဥ်သီး ၃ လုံး ငါးကြင်းခေါင်း ပါးဟပ်တွေဖယ်ပြီးရေစင်စင်ဆေးပါ။  ဒန့်သလွန်သီးကို အကြောခွာပြီး အနေတော်ပိုင်းဖြတ်ထားပါ။ ခရမ်းချဥ်သီးပါးပါးလှီးပါ။ ✳✳✳✳✳✳✳ ချယ်မယ့်အိုးထဲငါးကြင်းခေါင်းထည့်ပါ ။ ခရမ်းချဥ်သီးလှီးပြီးသားထည့်ပါ။ ဆီ ထမင်းစားဇွန်း ၁ ဇွန်း၊ ငါးငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ငရုတ်သီးစိမ်းမှုန် ထမင်းစားဇွန်း ၁ ဇွန်း၊ ဆား၊နနွင်း၊ဟင်းရွက်မှုန့်သင့်ရုံ၊ မျှင်ငပိနည်းနည်းထည့်ပြီး အားလုံးသမအောင် နယ်ပေးပါ။ ရေလေးနည်းနည်းထည့်ပြီး ခဏလုံးချက်ပါ။ ငါးညှီနံ့ပျောက်မှ ငါးခေါင်းမြုပ်အောင်ရေထည့်ပြီးချက်ပါ။ ငါးခေါင်းမကြေအောင် အသာအယာမွှေပေးပါ။ ပွက်ပွက်ဆူပြီဆိုမှ အသင့်ပြုလုပ်ပြီးသား ဒန့်သလွန်သီးတွေထည့်ပါ။ ဒန့်သလွန်သီးနူးပြီး  အပေါ့အငံမြည်းသင့်ပြီဆို ရှမ်းနံနံခပ်ပြီး ချလို့ရပါပြီ။ ဒန့်သလွန်သီးကို အနေတော်နူးပြီဆို ချပါ။ သူနဲ့တွဲဖက်ပြီး ပုဇွန်ငပိထောင်းလေးနဲ့စား ရှူးရှူးရှဲရှဲခံတွင်းမြိန်တဲ့ဟင်းပွဲလေးရပါပြီ။ #Credit သင်းစုရိပ်မြုံ

#ရေခဲမုန့်လုပ်နည်း 🍨🍦🍧

  #ရေခဲမုန့်လုပ်နည်း 🍨🍦🍧 အိမ်မှာလုပ်ကြည့်ရအောင်🤤( ဝါသနာ ပါသူတွေအတွက်)  -ရေခဲမုန့်ကို နွားနို့နဲ့လည်းလုပ်လို့ရသလို နို့မှုန့်နဲ့လည်း လုပ်လို့ရပါတယ်။ နွားနို့ဆိုရင် နို့စစ်စစ်နဲ့ပိုကောင်းပါတယ်။ -နွားနို့စစ်စစ် ၁ ပိသာကို ဆူပွက်အောင်ကြို ပါ။ နို့မှုန့်ဆိုရင် ဂရမ် ၂၀၀ကို ရေတစ်လီတာဘူးရှိတဲ့ ပွက်ပွက်ဆူနေတဲ့ ရေနွေးနဲ့ဖျော်ပါ။ -ကျောက်ကျောမှုန့် စတီးဇွန်း ၁ဇွန်း ၊  ပြောင်းဖူးမှုန့် စတီးဇွန်း ၂ ဇွန်းလောက်ကို ရေနည်းနည်းထည့်ပြီး အရည်ပျစ်ပျစ်ဖျော်ပါ။ -ပြီးရင် ဆူပွက်နေတဲ့ နို့အိုးထဲကိုလောင်းထည့်ပါ။ သကြားစတီးဇွန်း ၅ဇွန်းနဲ့ဆားနည်းနည်းထည့်ပါ။ မပြတ်မွှေပေးပြီး ပျစ်လာအောင် ကျို ပါ။ -ပျစ်ပျစ်လေးဖြစ်လာရင် မီးဖိုပေါ်ကချပြီးအအေးခံပါ။ အေးတဲ့အခါ ရေခဲသေတ္တာ အပေါ်ကန့်မှာ ၄နာရီလောက်ထည့်ပြီးအအေးခံပါ ။ -ပြီးရင် ရေခဲသေတ္တာထဲကထုတ်ပြီး သစ်သီးမွှေစက် (Blender)ထဲထည့်ပြီးတစ်မိနစ်လောက်မွှေပါ။ -တကယ်လို့ ချောကလက်ရေခဲမုန့်လိုချင်ရင်  ချောကလက်မှုန့် စတီးဇွန်း ၁၀ဇွန်းထည့်မွှေပါ။ -ဒူးရင်းသီးရေခဲမုန့်လိုချင်ရင် ဒူးရင်းသီးအသားထည့်မွှေပါ။ အချိုးအဆမပေးပါဘူး။ နည်းနည်းထည့်ရင်နည်းနည်းမွှေးမယ်။ များများထည့်ရင် မျ...

အားရှိစေမဲ့ ဆိတ်ရိုးစွတ်ပြုတ်

အားရှိစေမဲ့ ဆိတ်ရိုးစွတ်ပြုတ် ပါဝင်ပစ္စည်းတွေကတော့ — — — — — — — — — ဆိတ်ရိုး (နံရိုး/ခြေထောက်ရိုး နှစ်သက်ရာ အသုံးပြုနိုင်ပါတယ်) နနွင်းမှုန့် အသားမဆလာ ၁ မျိုးမျိုး (ကုလားလေးမဆလာ အသုံးပြုလို့လဲရပါတယ်) သစ်ကြားပိုးခေါက် ကရဝေးရွက် ဂျင်းကြက်သွန်ဖြူ ကိုရောထောင်းထားသောအထောင်း ကြက်သွန်နီ ငရုတ်သီးအရောင်တင်မူန့် ပျဉ်းတော်သိမ်းအရွက် ငရုတ်ကောင်းမူန့် ဆား ဟင်းခတ်မှုန့်တွေ လိုအပ်ပါတယ် ပြုလုပ်နည်းလေးကတော့ — — — — — — — — — — ပထမဦးဆုံး စွတ်ပြုတ်ချက်မဲ့အိုးကိုအပူပေးပါ ထို့နောက်ဆီအနည်းငယ်ထည့်ပြီး ဆီပူလာပြီဆိုရင် ကြက်သွန်နီ လှီးထားတာ ရယ် ဟင်းခတ်အမယ် (သစ်ကြားပိုးခေါက် ၊ ကရဝေးရွက် ၊ ဂျင်းကြက်သွန်ဖြူအထောင်း ၊ ငရုတ်သီးအရောင်တင်မှုန့် ၊ မဆလာ ၊ ပျဉ်းတော်သိမ်းရွက်) တွေကို ရောပြီး ဆီသတ်ပါမယ် ဆီသတ်နံ့လေး မွှေးလာရင် ဆိတ်ရိုး ထည့်ပါ ပါဝင်ပစ္စည်းတွေကိုသမအောင်မွှေပေးပါ အချိန်အနည်းငယ်လေးသမအောင်မွှေပြီးနောက် ရေထည့်ပါ အရိုးနူးဖို့အတွက်ခပ်ကြာကြာတည်ထားပေးဖို့ လိုပါတယ် ဆိတ်ရိုးတွေနူးလာပြီဆိုရင်တော့ ဟင်းခတ်မှုန့် ၊ဆား တို့ကိုလိုသလောက်ထည့်ပြီး ငရုတ်ကောင်း မှုန့်လေး ဖြူးကာ အနံ့အရသာနဲ့ပြည့်စုံပြီး အာဟာရဖြစ်စေသော ဆိတ်ရိုးစွတ်ပ...

မှိုဟင်းချက်နည်း

 မှိုဟင်းချက်နည်း ***************** အများဆုံး ရေစပ်စပ်လေးချက်တာပါ ခရမ်းချဉ်သီး တလုံး ကြက်သွန်ဖြူနီရယ် ငြုပ်သီး အမှည့်စိုလေးရယ်(သို့)အစိမ်းတောင့်လေးရယ်မညက်တညက်ထောင်း(သို့)ကပ်ကြေးနဲ့ညှပ် ပီး ဆီနည်းနည်းထည့် ဆီသတ်ပြီး မှိုထည့်ပါ ဆား အရသာ ထည့်ပါ ရေမထည့်ပါနဲ့ သူ့ထွက်လာတဲ့ရေလေးနဲ့ထားပါ ကျက်ခါနီး ပင်းစိမ်းရွက်လေးခပ်ပါ စားလို့ကောင်းတယ် တခွက်တည်းနဲ့ဟင်းဖြစ်တယ် မှိုဆေးရင်လဲ မလှီးခင်ရေဆေးနော် လှီးပြီးမှရေဆးရင် ရေတေပိုထွက်တယ် ချက်ထားတာ ပျိုးမှိုကောက်ရိုးမှိုဆို ခဏပဲချက်ပါ သဘာဝမှိုဆိုရင်တော့ ရေထည့်ပြီးကြာကြာလေးချက်ပါနော် (သဘာဝမှိုလည်းဒီချိန်မပေါ်သေးပါ)အဆိပ်တောက်ပြေအောင်လဲ ကန်စွန်းရွက်ထည့်နိုင်ပါတယ် ပင်စိမ်းရွက်က တော့မှိုနဲ့အရအလိုက်ဘက်ဆုံးပါလို့... ရေမပျစ်မကျဲလေးမှာ ချပါ အရမ်းစားကောင်းတာ တမျိုးတည်းနဲ့ Credit Win Win

ဒီခေါက်ပဲကောက်ညှင်းပေါင်းလုပ်စားရအောင်😋

  ဒီခေါက်ပဲကောက်ညှင်းပေါင်းလုပ်စားရအောင်😋 ပဲကောက်ညှင်းပေါင်း ငါးနှပ်ခြောက်ကင်ငါးခြောက်ထောင်းကြော်နှမ်းလှော်ထောင်းပါ မနက်ခင်းမှာ ကောက်ညင်းပေါင်းပူပူလေးရယ် ငါးခြောက်ကင်လေးရယ် ဘာလိုသေးလဲနော်😍😍 ကောက်ညှင်းကိုနို့ဆီခွက်နှင့်  ၂ ဘူး ထမင်းပေါင်း အိုးထဲထည့်ပြီးနှစ်ရေလောက် ရေဆေးပြီးရေစစ်ကာရေကို နို့ဆီခွက်နှင့် ၂ ဘူးထည့်ပါ ပဲလွန်းအမဲပြုတ်ထားတာရှိလို့ ပြုတ်ပြီးသားဘူးတဝက်ကျော် ထည့်ပါတယ် မြေပဲဆီကိုစတီးဟင်းခတ်ဇွန်း ၂ ဇွန်းထည့်ပါ ဆားလက်ဖက် ရည်ဇွန်း ၁ ဇွန်းထည့်ပြီးနာရီ ဝက်ခန့်ရေစိမ်ထားပါ  အချိန်ပြည့်ရင်ထမင်းပေါင်း အိုးမီးခလုပ်ဖွင့်ပြီးတည်ပါ နာရီဝက်ကြာရင်မီးခလုပ်ကျ ပြီးကောက်ညှင်းရေခန်းပြီး နပ်ပါပြီး ဒီအတိုင်းပဲအငွေ့ ကုန်အောင်နှပ်ထားပြီးအဖုံးမှာ ကပ်နေသည့်ရေကိုခါထုက်ပါ အငွေ့ကုန်ရင်ယောက်မနှင့် အထက်အောက်လှန်ပေးပါ ပဲကောက်ညှင်းပေါင်းရပါပြီ ငါးနှပ်ခြောက်အရေခွံဆုတ် အကောင်ကြီးကိုရေစိမ်ပြီး oven မှာကင်ပြီးထုကာဆီဆမ်းပါတယ်    ငါကွမ်းရှပ်ခြောက်ကိုပြုတ် ပြီးအသားနွှာကာစက်နှင့်မွှ အောင်ကြိတ်ပါတယ် ကြက်သွန်နီဖြူကိုပါးပါးလှီးပြီးနီရောင်သန်းကြွပ်အောင် ကြော်ပြီးဆယ်ထားပါ ငါးခြောက်အမွှကြိတ်ထားတာကိုန...