အရည်သောက်ဟင်းလေးစားချင်လို့...😋😋 စျေးထဲမှာရှိတဲ့ရသလောက်အသီးအရွက်လေးနဲ့ပဲ..... ချက်ထားရတဲ့တာလပေါဟင်း (ချက်နည်းမပြည့်စုံရင်လည်းခွင့်လွှတ်ပါလို့) ✏ ကြက်ရိုးတွေရေဆေး ဆား ဆနွင်း အရသာမှုန့်လေးနယ်ပြီး ဂျင်းထောင်းထည့်ပြီးပြုတ်ထား ✏ ဗူးညွန့်တစ်စည်း ၊မျှစ်ဝါနု ၁၀သား ၊ရုံပတီသီး ၁၀တောင့် ၊ မုန်ညင်းဖူး တစ်စည်း ၊ငရုတ်အနီတောင့် ၇တောင့် ၊ဆူးပုတ် တစ်စည်း...တိုကိုဆားရည်နဲ့စိမ်ရေဆေးပြီး ရေစစ်ထားပါ။ ✏ ဆန်လက်တစ်ဆုပ်ကိုလှော်ပြီးထောင်းထားပါ။ ✏ ဟင်းရည်အိုးဆူလာရင် မျှင်ငပိလက်ဖက်စားဇွန်းတစ်ဇွန်းထည့် ကြက်သွန်ဖြူနှစ်လုံးထောင်းထည့် ။ကြက်သွန်နီတစ်လုံးလေးစိတ် စိပ်ထည့်ပါ။ ✏ ဆန်လှော်မှုန့်ထောင်းထားတာလေးထည့်ပြီးဆူအောင်ထား ✏ ပြီးရင်တော့မျှစ်အရင်ထည့်မယ်.... ကျန်တဲ့အသီးအရွက်တွေအုပ်ပြီး ဆား အရသာမှုန့်လေးခပ် ငရုတ်ကောင်းမှုန့်လေးဖြူး ဆူးပုတ်ရွက်လေးအုပ်လိုက်ပါ။ 😋ဆန်လှော်မှုန့်နံ့မွှေးမွှေးလေးနဲ့အရမ်းစားကောင်းတဲ့ တာလပေါဟင်းလေးတစ်ပွဲရပါပြီနော်.......🍲 🙂 လိုအပ်ချက်လေးတွေရှိရင်လည်းပြောပြပေးပါလို့ Credit Mar lay See less
👉👉👉👉👉👉👉👉👉👉အစားအစာနဲ့မုန့်မျိုးစုံလုပ်နည်း👈👈👈👈👈👈👈👈👈👈👈👈👈