Skip to main content

Posts

Showing posts from August, 2022

မာလာဟင်းချက်နည်း

  မာလာဟင်းချက်နည်း ဟင်းသီးဟင်းရွက် အစုံ၊ ကြာစွယ်၊ မာလာခေါက်ဆွဲ၊ ကြွက်နားရွက်မှို၊ ပဲပြား အစုံအလင်ထည့်ထားပြီး မာလာဟင်း အနှစ်ကြောင့် စပ်စပ်လေးနဲ့ အနံ့ရော အရသာပါ ပြည့်စုံတဲ့ မာလာဟင်းလေးပါ။ချက်ရတာလည်း လွယ်ကူပါတယ်။ -မာလာဟင်းအနှစ်ချက်ရန်ပါဝင်ပစ္စည်းများ မာလာဟင်းနှစ်ထုပ် ၁ထုပ် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တ၀က် မာလာဟင်းတွင် ပါဝင်ပစ္စည်းများ ကြက်သားချောင်း ၂ချောင်း (အစောင်းလှီးပါ) မာလာခေါက်ဆွဲ ၂မျိုး(သို့) ၃မျိုး ၅၀ဂရမ် (မာလာခေါက်ဆွဲ အဖြူ၊ အညှိ၊ အစိမ်း ဆိုပြီး ၃မျိုးရှိတဲ့ အထဲမွ မိမိကြိုက်နှစ်သက်ရာ ၂မျိုးဖြစ်စေ၊ ၃မျိုးလုံးဖြစ်စေ ထည့်နိုင်သည်) -ပြင်ဆင်နည်း ၁။ အရင်ဆုံး မာလာခေါက်ဆွဲ ၃မျိုးရှိသည့်အထဲမှ အစိမ်းရောင် ခေါက်ဆွဲကို ရေ(၁၀မိနစ်ခန့်) စိမ်လျှင် ရသည်။ ၂။ ခေါက်ဆွဲ (အညှိ) နှင့် ခေါက်ဆွဲ(အဖြူ)ကို မာလာဟင်းထဲ ထည့်ရုံအနည်းငယ် သက်သက္စီ ခေါက်ဆွဲကျက်သည်အထိ ရေဖြင့် ပြုတ်ပေးပါ။ ၃။ ပြီးနောက် ပြုတ်ပြီးလျှင် ပြန်အအေးခံပြီး ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။ -မာလာဟင်းချက်နည်း ၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။ ၂။ ပြီးလျှင် ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီး...

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

မွန်ရိုးရာ ဆီမပါ ငါးနှပ် မရမ်းပြားချက်

 မွန်ရိုးရာ ဆီမပါ ငါးနှပ် မရမ်းပြားချက်(ပြိုင်ပွဲ၀င်ပိုစ့်ဖြစ်ပါသည်) - - - - - - - - - - - -   - - - - - - - - - - - - - - - - - - - - - - - - -       ပါ၀င်ပစ္စည်းများ      ''''''''''''''''''''"""""""" (၁) ငါးနှပ်  ၅၀ ကျပ်သား  (၂) မရမ်းပြား ၅ ကျပ်သား (၃) ငရုတ်သီးစိမ်း (မိုးမျှော်သီး) အနည်းငယ် (၄) ကြက်သွန်နီ ၃ဥ (၅) ကြက်သွန်ဖြူ  ၁ဥ (၆) နနွင်းမှုန့် အနည်းငယ် (၇) ငါးပိ အနည်းငယ် (၈) ရှားနံနံ အနည်းငယ်  စသည်တို့ လိုအပ်ပါတယ် ခင်ဗျား …               ချက်ပြုတ်ပုံ အဆင့်င့်            °°°°°°°°°°°°°°°°°°°°           ပထမ ဦးဆုံး ငါးကို ဦးခေါင်းပိုင်းနဲ့ ၀မ်းပိုင်းကို သန့်စင်ဖယ်ရှားပြီ ရေစင်အောင် ဆေးကြောပြီ ဟင်းချက်အိုးထဲ ထည့်ရပါမယ်  ထို့နောက် ငြုတ်သီးစိမ်း မရမ်းပြား ကြက်သွန်ဖြူ   ကြက်သွန်နီ ငါးပိ နနွင်းမှုန့် ရှားနံနံ (ရှားနံနံ အစား နံနံပင် စပါးလင်  မိမိ ကြိုက်နှစ်သက်ရာ  အသုံးပြု နိုင်ပါတယ်) တို့ကို တခါတည်း ရောထောင်းပြီ...

မုန်ညင်းချဉ်(ရှမ်းချဉ်) လုပ်နည်း😱😍

   မုန်ညင်းချဉ်(ရှမ်းချဉ်) လုပ်နည်း😱😍 အရသာရှိပြီး စားကောင်းတဲ့ ရှမ်းချဉ်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ပါဝင်သောပစ္စည်းများ မုန်ညင်းစိမ်း ၂ပိဿာခန့်၊ မုန်လာဥနီ ၁၅ ကျပ်သား၊ ဂျူးမြစ် ၁၅ ကျပ်သား၊ ပဲပိုးတီ ၂၅ ကျပ်သား၊ ဂျင်း ၅ ကျပ်သား၊ မုန်ညင်းစေ့ ၁ ကျပ်သား၊ ငရုတ်သီး အရောင်တင်မှုန့် ၅ ကျပ်သား၊ နံနံစေ့ ၁ ကျပ်သား၊ ဆား၊ ကြံသကာ ၅ ကျပ်သား၊ ဆန်အရက် ထမင်းစားဇွန်း ၃ ဇွန်း။ (၁) မုန်ညင်းကို ရေနှစ်ခါဆေးပြီး ဇလုံတစ်ခုထဲထည့်၊ ရေထည့်၊ ဆားထည့်ပြီး တစ်နာရီခန့် ဆားရည်စိမ်ထားပါ။ (၂) ပြီးရင် ရေစစ်ပြီး နာရီဝက်ကျော်လောက် နေလှန်းပါ။ အနည်းငယ်နွမ်းရင် အနေတော်လောက် လှီးဖြတ်ထားပါ။ (၃) ပဲပိုးတီ၊ ဂျူးမြစ်၊ မုန်လာဥနီတို့ကို ရေဆေးပြီး စစ်ထားပါ။ ပြီးရင် အနေတော်လေးတွေ လှီးထားပါ။ (၄) အမွှေးအကြိုင်အတွက် နံနံစေ့နဲ့ မုန်ညင်းစေ့ကို အနံ့မွေးအောင် လှော်ပြီးရင် အနည်းငယ် ထောင်းပေးထားပါ။ ဂျင်းပါးပါးလှီးထားတဲ့အထဲက တစ်ဝက်ကိုထည့်ပြီး ထောင်းလိုက်ပါ။ (၅) ငရုသီးပွခြောက်နဲ့ ကြံသကာတို့ကိုလည်း ထည့်ပြီး ချေပေးပါ။ (၆) ရေစစ်ထားတဲ့ အသီးအရွက်များကို ဇလုံးကြီးတစ်ခုထဲထည့်၊ အမွှေးအကြိုင်များကိုထည့်၊ ဆား၊ ကြံသကာ၊ ဆန်အရက်တို့ကိုထည့်ပြီး ...

ငါးသလောက်ပေါင်းနည်းလေး..😍

 ငါးသလောက်ပေါင်းနည်းလေး..😍 ၁။ ငါးသလောက်ကြီးကြီးတစ်ကောင်ကို ၃ ပိုင်း (သို့မဟုတ်) ၄ ပိုင်း ပိုင်း၍ သန့်စင်အောင် ဆေးကြောပါ။ ပြီးလျှင် ဆား အချိုမှုန့် နနွင်းမှုန့် ငါးငံပြာရည် ၃ ဇွန်း ရှလကာရည် ၃ ဇွန်း တို့ဖြင့် သမအောင်နယ်၍  နာရီဝက်ခန့် နှပ်ထားပါ။ ၂။ ကြက်သွန်နီ ဖြူ ဂျင်း စပါးလင်တို့ကို ငရုတ်သီးအရောင်တင်မှုန့်ဖြင့် ရောထောင်း၍ ဆီသတ်ပါ။ ခရမ်းချဉ်သီး ၄/၅ လုံးခန့်ကိုလည်း ပါးပါးလှီး၍ အနှစ်ရတဲ့အထိ ရော၍ လုံးချက်ချက်ပါ။ ၃။ ချက်မည့် ဟင်းပေါင်းအိုးအောက်ခြေကို ကြံချောင်း (သို့မဟုတ်) စပါးလင် ၅ ချောင်း ထု၍ ဖြန့်ခင်းပါ။ ၎င်း အပေါ်ကမှ ငါးအတုံးများကို စီ ထည့်ပါ။ ထို့နောက် ခုနက ဆီသတ်ထားသည်များ လောင်းထည့်ပါ။ ကြက်သွန်နီဥ အရွယ်တော် ၅/၆ လုံးခန့် အပေါ်မှ ထပ်ထည့်ပါ။ ပြီးလျှင် ငါးတွေမြုတ်တဲ့အထိ ရေထည့်ပါ။ ၄။ ၄၅ မိနစ်ခန့်ကြာလျှင် မီးပိတ်ပြီး ခဏနှပ်ထားပါ။ ၁၀ မိနစ်လောက်ကြာလျှင် အဖုံးဖွင့်ပြီး နံနံပင် နှင့် မဆလာ အနည်းငယ်စီ အုပ်ပြီး ၃ မိနစ်လောက် ထပ်ချက်လိုက်လျှင် ရပါပြီရှင်။ အရသာရှိသောငါးသလောက်ပေါင်းဟင်းတစ်ပွဲမိမိကိုယ်တိုင်_လက်စွမ်းပြချက်စားကြည့်လိုက်ပါနော်  လေးစားလျှက်ပါ . Credit. . ခင်ခင်ကြီး(ခ) သက်ထားစံ...

ရှယ်ငပိကြော်

 ရှယ်ငပိကြော် ထမင်းကြော်နဲ့စားဖို့လိုက်ဖက်တဲ့ ငပိကြော် ကြော်နည်းလေးပါ ထမင်းကြော်ရောင်းတဲ့ဆိုင်တွေမှာ ဒီလိုအကြော်မျိုးစားရတက်ပါတယ် ကြော်နည်းလေးရေးပေးလိုက်ပါတယ် ပထမဆုံးကြက်သွန်နီတွေကိုပါးပါးလှီးပြီးကြွပ်အောင်ကြော် ပြီးဆီစစ်ထားပါ မန်ကျည်းသီးမှည့်တွေကိုရေနွေးအနည်းငယ်နဲ့စိမ်ပြီး နယ်ထားပါ ကြော်မယ့်အိုးထဲမှာ ကြက်သွန်နီ ကြက်သွန်ဖြူတို့ကိုပါးပါးလှီးထည့် ဆီများများနဲ့ကြော်ပါ ကြက်သွန်တွေကြွပ်ခါနီးမှာ  ငရုတ်သီးခွဲခြမ်း တွေထည့်ပြီးကြော်ပါ ပြီးရင် မန်ကျည်းသီးမှည့်၊စိမ်းစားငပိ၊ပုစွန်ခြောက်မှုန့်၊သကြား၊ ငန်ပြာရည်တို့ထည့်ပြီးမီးနည်းနည်းနဲ့ဆက်ကြော်ပါ အချဉ်အရသာပိုအောင်ငန်ပြာရည်လျှော့ထည့်ပါ မကြာခဏမွှေကြော်ပေးပါ ဒါမှအရသာတွေအားလုံးရောနှောသွားမှာပါ ငန်ပြာရည်နဲ့မန်းကျည်းသီးမှည့်တွေအစိုပျောက်အောင်ကြော်ပြီး နောက်ဆုံးမှ ကြော်ထားတဲ့ကြက်သွန်နီကြော်ကိုဖြူးးထည့်ပါ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းတောင့်လေးတွေထည့်ကြော်လို့ရပါတယ်။  Crd ပါရှင့်

" အလွယ်ကူဆုံး မုန့်ဗိုင်းတောင့် ပြုလုပ်နည်း "

 " အလွယ်ကူဆုံး မုန့်ဗိုင်းတောင့် ပြုလုပ်နည်း " ဒီ့ထက်လွယ်တဲ့နည်းမရှိတော့ပါဘူးနော် ☺️ ပဲလွန်းကို တစ်ညရေကြိုစိမ်ထား ပြီးနောက် ပဲကျက်အောင်ပြုတ်ထားပါ ဆမ်မှုန့်၂ဆ ကောက်ညှင်းမှုန့်၁ဆ ဆော်ဒါနဲ့ဆား နည်းနည်းထည့် ရေအသင့်ထည့်ပြီး မုန့်သားမကျစ်မမာရအောင်နယ်ပြီး ၁၀မိနစ်လောက်ပြုတ် ရလာတဲ့မုန့်ကို အအေးခံ ပြီးမှလက်ဖနောင့်နဲ့ဖိပြီး တစ်ခါပြန်နယ် ပြုတ်ထားတဲ့ပဲလွန်းကိုလည်းရောမွှေပါ ပြီးနောက်အဆုပ် ဆုပ်လေးလုပ် ဆီစိမ်းလေးနည်းနည်းလူပြီး ထမင်းပေါင်းအိုးအကန့်လေးထဲထည့်ပေါင်းရုံပါဘဲ နှမ်းထောင်း အုန်းသီးတို့ဖြင့်တွဲစားပါနော် Credit Ma May Moe Phyu Credit photo #မုန့်ဗိုင်းတောင့် See less

ကျိုင်းတုံမြီးရှည်ချက်နည်း... 🍜🍝🍛🍲

 ကျိုင်းတုံမြီးရှည်ချက်နည်း... 🍜🍝🍛🍲 လွယ်ကူပီး အရမ်းစားကောင်း... 😋😋 (ဟင်းရည်ချက်ရန်) ဝက်ရိုး သို့ နံရိုး ... ၅၀ ကျပ်သား ဝက်သား ... ၂၅ ကျပ်သား(နှုတ်နှုတ်စင်းထားရန်) ရှမ်းပဲပုပ် မှုန့် ... ၅ ချပ် (ကင်ပီးထောင်းထားရန်) ခရမ်းချဉ်သီး ... ၉ လုံး ဆနွင်း ... အနည်းငယ် အရောင်တင်မှုန့်.... အနည်းငယ် ၁.။ရေသန့် ထဲသို့ ဝက်နံရိုး +ပဲပုပ်မှုန့်+ခရမ်းချဉ်သီး ထည့်၍ ဆူပွက်လာအောင်တည်ပါ.။ ၂။ခရမ်းချဉ်သီးအခွံ အနည်းငယ်ကွဲ၍ လိတ်တက် လျှင် ဆယ်၍ နှုတ်နှုတ်စင်းပါ.။ ၃။ဒယ်အိုးတစ်လုံးတွင် ဆီ ပါလေရုံထည့်၍ ဆနွင်းနှင့် အရောင်တင်မှုန့်လေးထည့် နှုတ်နှုတ်စင်းထား သော အသားထည့်၍ဆီသတ်ပါ..။ အသားနည်းနည်းကျက်လျှင် ခရမ်းချဉ်သီးထည့်၍ ၅ မိနစ်ခန့် ရောဆီသတ်ပါ.။ ၄.။ဆီသတ်ထားတဲ့အသားနဲ့ခရမ်းချဉ်သီးများကို ဟင်း ရည်အိုးထဲထည့်၍ မိနစ်၃၀ မှ ၄၅ မိနစ်လောက် အရည်ကျအောက်တည်ပေးပါ။ ဆားနှင့်ဟင်းခတ်မှုန့် မိမိတို့အကြိုက်မှန်းထည့်ပါ။ ဝက်သားမစားသူများ ကြက်ရိုးနှင့်ကြက်သား အစားထိုး သုံးလို့ရပါတယ်။ (ခေါက်ဆွဲပြင်ရန်) မုန်တီဖတ် ကြက်သွန်ဖြူဆီချက် နှမ်းလှော် ... မညက်တညက်ထောင်းထားရန် ပဲပင်ပေါက် ... ရေနွေးဖျောထားရန် ဂေါ်ဖီထုပ် ..နှုတ်နှုတ်လှီးရေနွေးဖျောထာ...

ငါးရံ့ဟင်းကောင်းကောင်းကြိုက်သူတွေအတွက်😋

 ငါးရံ့ဟင်းကောင်းကောင်းကြိုက်သူတွေအတွက်😋 #ငါးရံ့ဆန်လှော်ဟင်းချင်နည်း😋😋 အာဟာရလည်းရှိ အရသာလည်းကောင်းတဲ့လူကြီးတွေအကြိုက်အဖြူ ချက်လေးပါရှင် လုပ်စားကြည့်နော်။ ငါးရံ့ကိုကျောကခွဲပြီးရေစင်အောင်ဆေးပါ အရသာထည်ု့ပြီးနှပ်ထားပါ ၂၅ကျပ်သား၂ကောင်ပါ စပါးလင်၂ချောင်း ဂျင်းအနည်းငယ် ကြက်သွန်ဖြူ ၂လုံး ကြက်သွန်နီ ၄လုံး ပါးပါးလှီးထားပါ စပါးလင်က အပေါ်အကြမ်းဖတ်တွေခွှာထားပါ အနုလေးတွေပါးပါးလှီးထောင်းထားပါ။ ဖွူ ထောငျးပွီး ဂငြျးပါထောငျးပါ ထောငျးပွီးသားတှကေိုငါးရံ့ကြောထဲတညျ့ပွီး စပါးလငျနဲ့ပွနျခညြျပေးပါ ဆနိ နို့ဆီဘူးတစျဝကျခနျ့ကျိုမီးအေးအေးနဲ့ လှောျ - လှောျပွီးအအေးခံရဆေေးထားပါ ဆီအနညျးငယျထညျ့ပွီးကွကျသှနိနီဆီသတျပါနနှနျးမူနျ့အနညျးငယျထညျ့ပ့ါပွီးငါးရံ့ထညျ့ ဆီသတျပါ ငရုတျသီးထညျ့လဲရပါတယျ။ ကျမကလူကြီးတွေအတွက်မို့မထည့်တာပါငါးရံ့ အကြောလေးတင်းလာရင်ဆေးထားတဲ့ ဆနိထည့်ပေးပါ ရေအနည်းငယ်ဆီထည့်ထည့်ပေးပါ ငါးငံပြာရည်နဲ့အချိုအပေါ့အငန်လေးထည့်ပေးပါ ဆနိနူးပြီး ပွလာရင်ရေနွေးလေးထည့်ပေးပါ အရည်ဆူပွက်လာရင် ငရုတ်ကောင်းနဲ့ကြက်သွန်ဖြူလေးခတ်ပြီးချလိုက်ပါ။ လူငယ်တွေအကြိုက် နံနံပင် သံပုရာရည်လေးညှစ် ငရုတ်သီးမူန့်လေးနဲ့လည်းစားလို့ကောင်းပါတယ် ပူပူလေးပေါ...

#ဝက်ခေါက်ကြော်ကြွပ်ရွလေးကြော်စားကြမယ်

 #ဝက်ခေါက်ကြော်ကြွပ်ရွလေးကြော်စားကြမယ် မနက်ကစျေးသွားရင်းဝက်ခေါက်တွေ့တာနှင့် အစိတ်သားကို ၂၀၀၀ ဖိုးဝယ်လာတယ် အိမ်မှာကြော်တော့ ဆီလည်းသန့် စိတ်လည်းသန့်သန့်စားရတယ်😋 ဝက်ခေါက်ကြော်ကိုစမ်းကြော်ကြည့်ချင်လို့ပါ ဝက်ခေါက်ကိုရေဆေးသန့်စင်ပြီးအိုးတလုံးမှာရေမြုပ်အောင် ထည့်ပြီးနာရီဝက်လောက်ပြုတ်ပါ ပြီးရင်လက်တလုံးအထူလက်လေးလုံးအရှည် လောက်စီလှီးထားပါ ရှာလကာရည် ဟင်းခတ်ဇွန်း ၂ ဇွန်းဆား အချိုမှုန့်နဲနဲထည့်ပြီးသမအောင်နယ်ထားပါ။ ဒယ်အိုးတလုံးမှာထည့်ပြီး နီရောင်သန်းလာအောင်မွှေပေးပါ နီရောင်သန်းလာရင်ဆယ်ယူပြီးထားပါ ဒယ်အိုးမှာဆီများများထည့်ပြီးဆီပူလာရင်ဝက်ခေါက်ကို ထည့်ကြော်ပါ ပွရွကြွပ်လာရင် ဆယ်ယူပါ ဝက်ခေါက်ကြော်ရပါပြီ။ အချဉ်က ပန်းကန်လုံးတခုမှာ ချီတိုငရုတ်ဆီ ဟင်းခတ်ဇွန်း ၅ ဇွန်း tomato ketchup ၅ ဇွန်းထည့်ပါ သံပရာသီးတလုံး ညှစ်ထည့်ပါ ဆား သကြားနဲနဲ ထည့်ပါ ငရုတ်သီးမိုးမျှော်သီး ကြက်သွန်ဖြူညက်ညက်ထောင်းထားတာထည့်ပါ ရေနဲနဲထည့်ပြီးသမအောင်မွှေ ပေးပါ အရသာမြည်းကြည့်ပါ အနေတော်ဆိုရင်အချဉ်ရပါ ပြီး ဝက်ခေါက်ကြော်နှင့်စားလို့ရပါပြီ။ စားကောင်းကြပါစေနော်😋 Credit U Kyaw Swe See less

ကြက်သားကင်နဲ့ဝက်သားကင်

 ကြက်သားကင်နဲ့ဝက်သားကင်တွေကို အနံ့လေးမွှေးပြီးအရသာလဲရှိနေအောင် ဘယ်လိုအရသာနှပ်ကင်ရမယ်ဆိုတာကို မင်မင့်နည်းလေးမျှဝေပေးမယ်နော် အချဉ်ဖျော်စပ်နည်းလေးလဲပါတယ်နော် အခုမင်မင်မျှဝေပေးမှာကဝက်သား ၅၀ သား ကြက်တစ်ပိဿာစာအချိုးစားအတွက်ပါလို့ ကြက်သားပဲဖြစ်ဖြစ် ဝက်သားပဲဖြစ်ဖြစ် ၁။ ဆန်အရက် - ရေသန့်ဖုံးသေး ၂ ဖုံး ၂။ တရုတ်မဆလာ - လဖက်ဇွန်း ၄ ဇွန်း ၃။ လျှာထုံမှုန့် - လဖက်ဇွန်း ဇွန်းတစ်ဝက် ၄။ ပဲငံပြာရည် - ထမင်းစားဇွန်း ၄ ဇွန်း ဂျင်း/ကြက်သွန်ဖြူထောင်းအရည်နဲ့ ဆား/ဟင်းချိုမှုန့်အနည်းငယ်တို့ပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေအားလုံးကိုရောနယ်ပြီးရင် အဖုံးပါတဲ့ဗူးထဲလုံအောင်ပိတ် ရေခဲသေတ္တာထဲ ၁ ညလောက်နှပ်ထားပြီးမှကင်စားရင်တော့ ဆိုင်ကြီးတွေမှာကင်တဲ့အသားကင်မျိုးလေး အနံ့မွှေးမွှေး အရသာရှိရှိစားရမှာဖြစ်ပါတယ်။ #ကင်တဲ့အခါမပြုတ်ပဲအစိမ်းတိုင်းပဲကင်ပါ။ ကြက်သားဆိုအရင့်ကိုမသုံးပါနဲ့နော်။ #ရှမ်းကြက်/အိမ်ကြက်/CP ကြက်နဲ့ကင်ပါ။ #Credit Nang Myat K Tar အချဥ်ရည်စပ်နည်း ကြက်သွန်ဖြူ-ငရုတ်သီးနုတ်နုတ်စင်း ပဲငံပြာရည်-ဆား-ဟင်းချိုမူန့်ထည့် သံပုရာသီး-ရေသန့်အနည်းငယ် ခပ်ပျစ်ပျစ်လေးဖျော်ပြီအသားကင်နဲ့ကအလိုက်ဖက်ဆုံးပါဘဲနော်😊😊 Crd See less

🔵ငါးရံ့ခြောက်ကိုဖုတ်တဲ့နည်းလေး

 🔵ငါးရံ့ခြောက်ကိုဖုတ်တဲ့နည်းလေး သိချင်တယ်ဆိုလို့ 🔵🔵🔵 ငါးခြောက်ပြားကို မဖုတ်ခင်အရင်ပေါင်းလိုက် ပါတယ်.🔷..ငါးခြောက်ကမာနေတော့..ရေစိမ်လိုက်ထုလိုက်ဖုတ် လိုက်လုပ်နေရင်အချိန်ကြာလို့..ြ ပီးတော့အသားတွေကြေကုန်တာများလို့နှမြောလို့...🔷 🔷ဒယ်နီပေါ်မှာပေါင်းခံအိုးတင်ပီးငါးခြောက်ပြားကိုခဏပေါင်း လိုက်တယ် .အသားလေးတွေအနည်းငယ်ပျော့သယောင် ဖြစ်လာပီဆို..အသားပြားလေးတွေကို..ကျည်ပွေ့နဲ့သာသာလေးထုပီးမွပေးလိုက်ပီးမှ မီးအေးအေးနဲ့ ကင်ပေးလိုက်တာ...🔷 🔷ထပ်ပြီး ထုစရာမလိုတော့ နည်းနည်းလေးကြွပ်ပီးမွှေးလာရင် လက်နဲ့အသာလေးဆွဲဖွလိုက်ရုံပဲ... ပြီးရင်ဆီလေးစိမ်လိုက်ရုံ ခဏခဏမထုရတော့ အသားတွေလည်းမကြေတော့ အလေလွင့်လည်းနည်းတယ်. .စားရတာလည်းမွမွလေးနဲ့အားလုံးကျက်တယ်.. .ငါးခြောက်က အကင်မတတ်ရင် အသားတွေကြေကုန်တာနဲ့အလေ လွင့်တွေများလို့ဒီနည်း လေးနဲ့ကင်ကြည့်နော်.. မကပ်အိုးရှိရင်လည်း ကင်လို့ရပါတယ်နော်... တစ်ချို့က ထမင်းပေါင်းအိုးထဲထမင်းမကျက်ခင်ထည့်ပေါင်းကြတယ် အဲလို ဆိုထမင်းမှာ ငါးခြောက်အနံ့တွေစွဲကုန်လို့ သပ်သပ်ပေါင်းတာပါ...🔵 အားလုံးအဆင်ပြေကြပါစေနော်...🔴 😍 😍 Thanks Ma Hlaing Hlaing 🙏🏻 Credit

#အညာသားကျောကုန်း ( ခေါ်) #စလူမုန့်လုပ်နည်း

 #အညာသားကျောကုန်း ( ခေါ်) #စလူမုန့်လုပ်နည်း ***************************** စလူမုန့် ( သို့) အညာသားကျောကုန်း ( သို့) မုန့်ခွေးလျှာ ( သို့) မုန့်နီထုပ် အညာဘုရားပွဲ၊ နတ်ပွဲတွေမှာ အတွေ့ရအများဆုံးမုန့်တစ်မျိုးပေါ့။ ကောက်ညင်းမှုန့် ၊ ထန်းလျက်တို့နဲ့ လုပ်ရတယ်။ စလူဖက်ရွက်ထဲထည့်ပြီးထုပ်ရလို့ "စလူမုန့်"ခေါ်ကြသလို မည်းမည်းပြောင်ပြောင်အညာသားကျောကုန်းနဲ့တူတာမို့ "အညာသားကျောကုန်း"လို့လည်းခေါ်ကြသေးတယ်။ မန္တလေးကျောက်တော်ကြီးပွဲ၊ တောင်ပြုံးပွဲ၊ ရတနာ့ဂူပွဲတွေမှာရောင်းကြတာတွေ့ရတယ်။ အရသာက ချိုချိုစေးစေးလေး။ စလူဖက်ရွက်နဲ့လုပ်ထားရင် စလူရွက်နံ့မွှေးလို့ပဲ။ နှမ်းလှော်၊ အုန်းဆံတို့နဲ့လည်း တွဲစားတတ်ကြသေးတယ်။  "အညာသားကျောကုန်း"ဆိုတဲ့နာမည် ကြားရုံနဲ့ လန့်မသွားနဲ့။ စားကြည့်မှ ကောင်းမှန်းသိတာ အညာသားတွေကိုဖဲ့တာ 😆😆 စားလို့တော့အတော်ကောင်း၊  အိမ်မှာတော့ နတ်မုန့်လုပ်ရင် အာ့မျိုးလုပ်ရတယ် သကြားနဲ့လုပ်မယ်ဆိုရင်တော့  အရောင်တော့ကွာတာပေါ့ #Credit မူရင်းပို့ပိုင်ရှင်များ  @@@@@@@@@@@@ ပါဝင်အမယ်များ **************** ကောက်ညှင်းဆန် ဆန်ကြမ်း မုန့်လုပ်ထန်းလျက် (အမည်း) ဆား စလူဖက် ( မရှိက) ထန်းရွက်သန့်သ...

ဒိန်ချဉ် လုပ်နည်းလေး

 ကျန်းမာရေနဲ့ညီညွှတ်ပြီးအရသာလဲရှိအိမ်တွင်းဒိန်ချဉ်ပြုလုပ်နည်း ဒိန်ချဉ် လုပ်နည်းလေး မေးထားလို့ တင်ပေးလိုက်ပါတယ်။ နွားနို့  ၁ ပိသာကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့။ ကြာကြာလေး ကျိုပါ။ တအားလည်း မပျစ်ပါစေနဲ့။ ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ ပါ) လက်ညိုးကိုထည့်ကြည့်လို့ အပူခံနိုင်တယ်ဆိုရုံလေးပေါ့။ အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ။ ပြီးရင် အုပ်ဆောင်းနဲ့ အုပ်ပြီး မရွေ့ လျားစေဘဲ ၂၄ နာရီ ထားပါ။ အခန်းအပူချိန်မှာပဲ ထားရမှာပါ။ ၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။ သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ ခဏခဏလည်း မမွှေရပါဘူး။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ။ အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး။

ကြက်ဥပူတင်း ပြုလုပ်နည်း

 ကြက်ဥပူတင်း ပြုလုပ်နည်း ━━━━━━━━━━━ (၁ဘန်းစာအချိုးကိုပဲရေးထားပါ တယ်ပုံထဲကတော့ ၂ဘန်းလုပ်ထားလို့ပါ) ကြက်ဥ= ၁၀လုံး(အနေတော်အရွယ်) သေးရင် ၁လုံးပိုထည့် နွားနို့ = ၁လီတာ သကြား= ၁၀ကျပ်သား ဂျုံမှုန့် = ၅ဇွန်း(ထမင်းစားဇွန်း) ဆား= လက်ဖက်ရည်ဇွန်းတဝက် ဗနီလာနံ့= ၁စက် (မရှိရင် custard powder တဇွန်းလောက် ထည့်ပါ)ကြက်ဥရဲ့ အနံ့မထွက်အောင် ထည့်တာပါ ထောပတ် =၁ဇွန်း(ထမင်းစားဇွန်း) အရင်ဆုံး ကြက်ဥကို ကြေအောင် ခေါက်မွှေပါ သကြားနဲ့ နွားနို့ ဆားရောပြီး ၁၀မိနစ် လောက်ထပ်မွှေပါ ဂျုံ မှုန့်ကို ဇကာနဲ့ စစ်ပြီး ရောမွေပါ အဖတ်တွေမဖြစ်အောင်ပါ ဖုတ်မယ့်ဘန်း ကို ထောပတ်၁ဇွန်းနဲ့ နှံ့အောင်သုတ်ထားပါ အိုးထဲထည့် မီးနဲနဲလေးနဲ့ ကြက်ဥရည် ပျစ်လာအောင်ကျိုပါ အဆက်မပြတ်မွေနေရပါမယ် ဗနီလာ တစက်လောက်ထည့်ပါ မိနစ် ၂၀လောက် ကျိုရပါတယ် ပျစ်လာရင် ဖုတ်မယ့်ဘန်း ၉+၁၁လက်မ ထဲထည့် အပူချိန် ၁၆၀ံ စင်တီဂရိတ် မိနစ်၃၀ဖုတ်ပါ နီရောင်သမ်းလာရင် အအေးခံပါ လုံးဝအေးသွားမှ ရေခဲသေတ္တာထဲ ၁နာရီ လောက်ထည့်ပါ မုန့်ဖြတ်ရတာ ပိုလွယ်ပါတယ် (တခြားနည်းတွေလဲ ရှိပါတယ် ဒါလေးကတော့ ဆွမ်းကပ်တာပဲဖြစ်ဖြစ် အလှူပဲဖြစ်ဖြစ် ကျမတို့ မိုးကုတ်မြို့မှာ အချိုပွဲအနေနဲ့ ထည့်ကြတာမို့ အဲ့ဒီ နည်းလေ...

ကော်ဖီနို့ အုန်းနို့ကျောက်ကျော

 ကော်ဖီနို့ အုန်းနို့ကျောက်ကျော ******************* ပူလွန်းတဲ့ အခုလိုမျိုးအချိန်မှာ ချိုအေးလေးတွေဘဲ စားချင်မိတယ် ။ နေ့လည် ထမင်းစားပြီးချိန် အချိုလေး တည်းရအောင်နော် ကော်ဖီနို့ အုန်းနို့ကျောက်ကျော ချိုခါး အေးအေး လေးပါ ---မျှဝေလိုက်ပါတယ် fri တို့ရေ !!! "ပါဝင်ပစ္စည်း" နို့ကျောက်ကျော အတွက် ကျောက်ကျောမှုန့်---ကော်ဖီဇွန်း ၂ဇွန်း (AGAR-AGAR) ႏြားနို့---နို့ဆီဘူး ၁ဘူး ဲအုန်းနို့ရည်---နို့ဆီဘူး တစ်ဝက် သကြား---၅ ကျပ်သား ဆား---အနည်းငယ် နို့ အုန်းနို့ ကျောက်ကျောလုပ်ပါမယ် ၁---အိုးတစ်လုံးထဲကို ကျောက်ကျော မှုန့် သကြား ဆား အုန်းနို့ နွားနို့ အားလုံးထည့်ပြီး ပျော်ဝင်သွားအောင်မွှေပေးပါ ၂---ပျော်သွားပြီဆိုရင် မီးဖိုပေါ်တင်ပြီး ကျိုပါမယ် မွှေနေရပါမယ် အချို လိုကထပ်ထည့်ပါ ။ ဆူလာရင်မီး လျှော့ပေးပါ ။ ခဏနေပြစ်လာရင် အခဲခံမည့် ပုံစံခွက်ထဲကို လောင်းထည့်အအေးခံပါ ။ ၃---လုံးဝ အေးခဲသွားပြီဆိုရင် မိမိစိတ်ကြိုက်ပုံစံ အတုံး လေးတွေ လှီးထားပါ ။ "ပါဝင်ပစ္စည်း" ကော်ဖီကျောက်ကျောအတွက် ကျောက်ကျောမှုန့်---ကော်ဖီဇွန်း ၃ဇွန်း ေရ---နို့ဆီဘူး ၂ ဘူး သကြား---ထမင်းဇွန်း ၅ ဇွန်း NESCAFE အမှုန့်---ကော်ဖီဇွန်း ၃ဇွန်း က...

ဖာလူဒါ_ပြုလုပ်နည်း

  ဖာလူဒါ_ပြုလုပ်နည်း ဖာလူဒါအတွက် ကြိုတင်ပြုလုပ်ထားရမည့် ပစ္စည်းများမှာ  ၁။ ပူတင်းပေါင်းထားရမည်။ ၂။ သာကူစေ့ ပြုတ်ထားရမည်။ ၃။ မျှော့ချောင်း ပြုတ်ထားရမည်။ ၁။ ရေခဲမုန့်                         ၁လုံး ၂။ ပူတင်း                          ၁ဇွန်း(ထမင်းစားဇွန်း) ၃။ နို့ဆီ                             ၁ဇွန်း(ထမင်းစားဇွန်း) ၄။ သကြားရည်                  ၃ဇွန်း(ထမင်းစားဇွန်း) ၅။ နွားနို့                            ၃ဇွန်း(ထမင်းစားဇွန်း) ၆။ သာကူစေ့ပြုတ်              ၂ဇွန်း(ထမင်းစားဇွန်း) ၇။ မျှော့ချောင်းပြုတ်            ၂ဇွန်း(ထမင်းစားဇွန်း) ၈။ ကျောက်ဖရုံယိုအတုံးလေးများ ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်) ၉။ သင်္ဘောယို...

အစိမ်းကြော် ..

  အစိမ်းကြော် .. ••••••••••••••• အသားနည်းနည်းပါးပါးလှီးပြီးအရသာသွင်းထား . အသီးအရွက်တွေကိုပုံမှာပြထားသလိုလှီးဖြတ်ထား ကြက်သွန်နီဖြူဂျင်းလှီးထား . ကော်ရည်ဖျော်ထား.. မီးပြင်းပြင်းနဲ့ ဆီပူပူမှာအသားတွေအရင်ထည့်ကြော် .ကြက်နီ ဖြူဂျင်းထည့်ကြော်မွှေးရင်အသီးအရွက်တွေထည့်..အရသာအတွက် ဆားသကြား ကြာညိူ့ ခရုဆီ အသားမူန့်ထည့်မယ် မြန်မြန်ခပ်သွက်သွက်ကြော်မယ် အရွက်တွေကနွမ်းလို့မရ စိမ်းစိမ်းအိအိလေးဖြစ်နေရမယ်..နောက်ဆုံး မှ ကော်ရည်ထည့် ဆီမွေးထည့် လိုက်ရင်ရပီ... Credit : Hlaing Hlaing See less

ပုစွန်ဂွေးသီးငပိချက်

 ပုစွန်ဂွေးသီးငပိချက် 🍚🍴🍲 ✏ ပုစွန် ၂၀ သား ......ခေါင်းအမြီးခြွေပြီး ဆား ဆွင်း အရသာမှုန့်နယ်ထားပါ။ ✏ ဂွေးသီးအလုံး ၃၀ ......ပါးပါးလှီးပြီးဆားအနည်းငယ်ဖြူးထားပါ။ ✏ ငရုတ်သီးစိမ်း ၅ ကျပ်သား ......ရေဆေးအညှာခြွေပြီးညှပ်ထားပါ။ ✏ ငရုတ်သီးခွဲခမ်းမှုန့် ၂ ဇွန်း ✏ မျှင်ငပိ ၁ဇွန်း ✏ ငါးငံပြာရည် ၁ဇွန်း ✏ ကြက်သွန်ဖြူ ၃ လုံး၊ အနီ ၄ လုံး ......ထောင်းထားပါ။ ချက်မယ်နော် ♨ ဒယ်အိုးထဲဆီထည့် ဆီပူလာရင် ......ကြက်သွန်ဖြူနီထောင်းထားတာဆီသတ် ......ရွှေဝါရောင်သန်းပြီးမွှေးလာရင် ငရုတ်သီးခွဲခြမ်းထည့် ♨ ပုစွန်ထည့်ကြော်ပြီး ♨ ဂွေးသီးလှီးထားတာရယ် ငရုတ်သီးစိမ်းထည့် ♨ မျှင်ငပိထည့် ငါးငံပြာရည်ဖြန်း...ပြီးရင်ရပါပြီနော် 👩သူငယ်ချင်းမိတ်ဆွေများအားလုံး အစာအဟာရနဲ့ကျန်းမာကြပါစေ Credit Mar Lay

ကြာရိုး ငပိချက်

  ကြာရိုး ငပိချက် အောက် ပြည် အောက်ရွာ မှာ မိုးတွင်းဆို ကြာပန်းတွေ လှိုင်လှိုင် ပွင့်တော့ မိုးရေထဲ မှာ ကြာပန်းတွေ ခူးပြီး တောဓလေ့ ငပိချက်လေးချက်စားကြတယ် ရွာမှာ လို ရွာအပြင်ဖက်ထွက် ပြီး ကြာရိုးပန်းတွေ ခူး ချင်ပေမဲ့ ရန်ကုန် မှာ နေတော့ ကြာပန်းလဲ ခူး စရာ မရှိပါဘူး ဈေးမှာ ရောင်းတဲ့ ကြာ  ခွေ / ကြာရိုး ဝယ်ပြီး ငပိချက် လေး ချက်စား ပါတယ် ကြာရိုးငပိချက် လေး ချက်စား ကြ ပါအုံး ကဲ ချက်ကြစို့... ကြာရိုး             ကြာရိုးကို ကလေး ဘဝက ကြာဆွဲ ကြိုးလုပ်သလို ချိုးပြီး အပြင်ဖက် က အမျှင် ဆွဲ ချပြီး ဖြတ်ထားပါ ကြက်သွန်နီ.ကြက်သွန်ဖြူ.ငရုပ်သီးစိမ်း      ထောင်းထားပါ နနွန်းမုန့် ငပိ     ကို ရေဖျော်ထားပါ မန်ကျည်းမှဲ့   ရေဖျော်ထားပါ ပုဇွန်ခြောက်  ထောင်းထားပါ အရသာမူန့် ဆီ          အနည်းငယ် ချက်ကြမယ်...... အိုးထဲ ကို ဆီထည့်ပါ ဆီပူရင် ထောင်းထားတဲ့ အနှစ်ကို ဆီသတ်ပါ နနွန်း မူန့်ထည့်ပါ ပုဇွန်ခြောက်မူန့် ထည့်ပါ ပြီးမှ ကြာရိုးထည့်ချက်ပါ ရေမထည့်ပါနဲ့ ကြာရိုးက ရေထွက်လာမှာပါ ငပိရေဖျော် ထည့်ပါ မန်ကျည်းရည် ထည့်ပါ ...

ပဲဟင်းကောင်းကောင်းလေးတစ်ခွက်ရဲ့ လျှို့ဝှက်ချက်

 ပဲဟင်းကောင်းကောင်းလေးတစ်ခွက်ရဲ့ လျှို့ဝှက်ချက် 🍜🍲🍜🍲🍜🍲🍜🍲🍜🍲🍜🍲🍜🍲🍜🍲🍜 သက်သက်လွတ် သီးစုံပဲဟင်း တစ်ခွက် ချက်မယ်ဆို  အခု အချက်လေးတွေ ပြည့်စုံရင် အိုကေပြီပေါ့ 😊😊😊 •••••••••••••••••• မိမိနှစ်သက်သလို အသီးလေးတွေ ထည့်မယ် စုံလေ စားကောင်းလေ ••••••• ဗူးသီး ခရမ်းသီး ခဝဲသီး ဂေါ်ရခါးသီး ပဲသီး ရုံးပတီသီး ရွှေဖရုံသီး အာလူး မုန်လာဥ စသည် စသည် ••• ☆☆ဘာပဲ လှီးလှီး အတုံးညီညီ လှီးရမယ်☆☆ ပဲကို နူးနေအောင်ပြုတ်ထားမယ်(ဆားလုံးဝမထည့်ရ) ☆☆အမြန်နူးစေရန် ပဲပြုတ်သည့်အထဲ ဆီစိမ်းနည်းနည်းထည့်ပြုတ်ပါ☆☆ မန်ကျည်းရည်ပျစ်ပျစ်လေးလည်း ဖျော်ထားမယ် ပဲဟင်းမှာ မဆလာ သည် အဓိကပါ ☆☆ပဲနံ့သာစေ့ ဇီယာ နံနံစေ့ သုံးမျိုးကို လှော် ထောင်းထားမယ်(စမုံစပါးကျန်သေး ကုန်နေလို့မထည့်တာပါ)☆☆ ☆☆သစ်ဂျပိုးနဲ့ကရဝေးရွက် ဖာလာ မုန်ညင်းစေ့ တို့ကို လှော်ထားမယ်☆☆ ☆☆ပျဉ်းတော်သိမ်လေးခြွေထားမယ်☆☆ ကြက်သွန်နီ ဖြူ ဂျင်း အနည်းငယ်စီ ညက်ညက်လေးထောင်းမယ် ဆီအနည်းငယ်ကို နနွင်း အရောင်တင်အနည်းငယ်ထည့် ကြက်သွန်ထောင်းထည့် ဆီသတ်မယ်••• ထောင်းထားတဲ့ မဆလာ၃မျိုးထည့်မယ်••• ပျဉ်းတော်သိမ်ထည့်မယ်••••• လှော်ထားတဲ့ အမွှေးအကြိုင်တွေ ထည့်မယ်•••• အရမ်းမွှေးနေပီ 😉😉😉...

ရခိုင်မုန့်တီ (ခ) အာပူလျှာပူချက်နည်း ပေါင်းစုံ

  ရခိုင်မုန့်တီ (ခ) အာပူလျှာပူချက်နည်း ပေါင်းစုံ °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° နှစ်သက်သောချက်နည်းအားအသုံးပြုနိုင်စေရန်အတွက် စုစည်းပေးခြင်းဖြစ်ပါသည်။ #ရခိုင်မုန့်တီ အရည်/အသုပ် (ကိုယ်ပိုင်ဟန်အနည်းငယ်စွက်ထားပါတယ်) ငါးခူကိုပဲသုံးထားပါတယ် .. ဟင်းရည်အတွက် ပဒဲကောရယ် ဂျင်းရယ် အနည်းငယ်သုံးထားပါတယ် .. (ပဒဲကောနဲ့ဂျင်းကမွှေးပြီး ငါးပြုတ်ညှီနံ့ပျောက်စေပါတယ်) ငါးပြုတ်ပြီးအရိုးနွှင်ပါမယ်။ သုံးပုံနှစ်ပုံကိုဟင်းရည်အတွက်ထားပြီး တစ်ပုံကိုအသုပ်မှာထည့်သုံးဖို့အတွက်ချန်ပါမယ်။ ငရုတ်စိမ်းတွေပြုတ်ပါမယ် .. ဆားသကြားခပ်ပြီးထောင်းပါမယ်။ ပြီးရင်တော့ အသုပ်အတွက်ချန်ထားတဲ့ငါးပြုတ်ထဲကနည်းနည်းယူပြီးရောပါတယ် .. (မရောပဲ မန်ကျည်းချဉ်ရည်နဲ့ ဖျော်လိုက်လည်းရပါတယ်) ကြက်သွန်စိမ်း နံနံပင် အဆင်သင့်ပါးပါးလှီးထားပါမယ်။ ငါးပြုတ်ရည်ထဲကို နွှင်ထားတဲ့ငါးပြုတ်ရယ်  စိမ်းစားငါးပိရယ် ပဒဲကောရယ် ဂျင်းနည်းနည်းနဲ့ ငရုတ်ကောင်းမှုန့်နိုင်နိုင်ခတ်ပြီး ဆူအောင်တည်ပါမယ် (ဆားထပ်ခတ်ဖို့လိုမယ် သကြားနည်းနည်း) ။ ဒါဆိုရင် ရခိုင်မုန့်တီ အရည်ကော အသုပ်ကောအတွက် မုန့်ပွဲပြင်ဆင်ဖို့ အားလုံးအဆင်သင့်ဖြစ်ပါပြီရှင် .. ရိုးရှင်းလွယ်ကူပြီး...

ငါးရံ့ခေါင်းချစ်တီးဟင်း...😋

  ငါးရံ့ခေါင်းချစ်တီးဟင်း...😋 ================= ပါဝင်ပစ္စည်းများ ငါးရံ့ခေါင်းနှစ်ခေါင်း မုန်လာဥဖြူတစ်ဥ ငရုတ်ပွခြောက်သုံးခု ကြက်သွန်နီနှစ်လုံး ကြက်သွန်ဖြူလေးမြွာ မန်ကျည်းမှည့်ရည်အနည်းငယ် နံနံပင်အနည်းငယ် ငါးမဆလာအနည်းငယ် ဆီစားပွဲတင်ဇွန်းသုံးဇွန်း ပြုလုပ်ပုံအဆင့်ဆင့် ၁။ပထမဦးစွာ ငါးရံ့ခေါင်းများကိုကြေးထိုးသန့်စင်၍ ရေစင်အောင် ဆေးကာ ငံပြာရည်၊ အရသာမှုန့်၊ နနွင်းမှုန့်၊ ဆားတို့ဖြင့်နယ်ထားပါ။ ၂။မုန်လာဥကို အခွံနွှာ၍ ပါးပါးလှီးထားပါ။ ၃။ငရုတ်ပွခြောက်ကိုရေစိမ်၍ အစေ့ထုတ်ကာ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့နှင့်ရောပြီး ညက်အောင်ထောင်းထားပါ။ ၄။ဒယ်အိုးထဲတွင် ဆီထည့်၍အပူပေးပြီး ဆီပူလျှင် ထောင်းထားသော အနှစ်များထည့်၍ ဆီသတ်ပါ။ ၅။အနှစ်ကြွပ်ခါနီးလျှင် ငါးမဆလာထည့်၍ မွှေပြီးအနံ့မွှေးလာလျှင် ငါးရံ့ခေါင်းများနှင့် မုန်လာဥတို့ကိုထည့်လုံးပေးပါ။ ၆။ငါးအသားနူးစေရန် ရေကိုနည်းနည်းချင်းစီထည့်ပေးထားပါ။ ၇။ငါးအသားနူးလျှင် မန်ကျည်းမှည့်ရည်ထည့်၍တည်ပြီး အရသာစိတ်ကြိုက်မြည်းပါ။ ပွက်ပွက်ဆူလာလျှင် နံနံပင်အုပ်၍မီးပိတ်ပေးလို့ရပါပြီ။ လေးစားလျှက်..crd. Credit မူရင်း

ကြက်ခြေထောက်ချဉ်စပ်

  ကြက်ခြေထောက်ချဉ်စပ် =============== ချဉ်စပ်လုပ်ဖို့အတွက် ကြက်ခြေထောက်တွေချည်း သီးသန့်ဝယ်လာပြီး ရေစင်အောင်ဆေးပြီးသန့်ရှင်းအောင် ပြုလုပ်ပါတယ်။ ပြီးရင် ရေနွေးဆူအောင် တည်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ အရသာမှုန့်ထည့်ပြီး ကြက်ခြေထောက်တွေကို ပြုတ်ပါတယ်။ ကြက်ခြေထောက်တွေ နူးလာရင် ဆယ်ထားပြီး အအေးခံထားပါတယ်။ မုန်လာဥနီ၊ မုန်လာဥဖြူ၊ သခွားသီး၊ တရုတ်နံနံ (အရွက်မပါစေပဲ အရိုးသီးသန့်) တို့ကို ရှည်ရှည်သွယ်သွယ် လှီးဖြတ်ထားပါတယ်။ (အရွက်ထည့်ရင် အရွက်တွေက အချဉ်မှာ အချိန်ကြာကြာစိမ်ရင် နွမ်းရိသွားတတ်လို့ပါ။ ) ဂျင်းကို ပါးပါးရှည်ရှည်လေးလှီး၊ ကြက်သွန်ဖြူ ပါးပါးလှီး၊ ငရုပ်သီးစိမ်း များများကို ပါးပါးလှီးထားပါတယ်။  ပြီးရင်တော့ အိုးတစ်ခုထဲကို ရှာလကာရည်၊ ရေကျက်အေး(ရေသန့်)၊ ဆား၊ သကြား အနည်းငယ်၊ စီချွမ် ငရုပ်ကောင်းစေ့ (ဟွားကျောင်း or မက်‌ခါးသီး) အရသာမှုန့် တို့ကို ထည့်ပြီး ကြက်ခြေထောက်၊ မုန်လာဥဖြူနီ၊ သခွားသီး၊ နံနံရိုးနဲ့ငရုပ်သီး၊ ဂျင်း၊ ကြက်သွန်ဖြူ အားလုံးကို ရောမွှေကာ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ရင် ဒီနေ့ညလုပ်ထားပြီး မနက်ဖြန်မနက်ဆို မုန်လာဥတွေရော၊ ကြက်ခြေထောက်တွေရော အထဲကို ချဉ်စပ်စပ်အရသာဝင်သွားပြီး၊ ကျွတ်...

ကရင် တာလပေါ့ဟင်းချက်နည်း

  ကရင်ဆို​ေတာ့ ကိုယ်ကရင်မျှစ်ကာလပေါ့ဟင်းချက်နည်း 🤤🤤 မိုးရာသီနဲ့အလိုက်ဖက်ဆုံးဟင်း😋 ရှယ်ဘဲ 😋 ကရင်တိုင်းရင်းသားများရဲ့ ရိုးရာ အစားအစာ တမျိုးလဲဖြစ်ပါတယ်။ကျွန်မတို့ ဘယ်လိုပင်ချက်တတ်နေစေကာမူ တိုင်းရင်းသားစစ်စစ်များရဲ့ လက်ရာကို မမှီ‌နိုင်ပေ ဟင်းရဲ့ အဓိက နေရာကို ယူထားသူကတော့ မျှစ်ပါပဲ ဒီဟင်းကို မျှစ်စိမ်းနဲ့သာ ချက်မှ ပိုပြီး စားကောင်းစေပါတယ်​ေနာ်။ ယခု ကာလတွင်မျှစ်စိမ်းများပေါ်ကာစ မို့ ရာသီစာ‌လို့ ပြောရင်လဲ မမှာပါဘူးရှင်🤗 ကျွန်မတို့ကရင်ပြည်နယ်ဘက်မှာ မျှစ်အမျိုးစားပေါင်းများစွာရှိသည့်အနက် တချို့မျှစ်များက တာလပေါ့ဟင်းချက်စားလို့မကောင်းတာတွေရှိတတ်ပါတယ် ဝါးဂုတ်မျှစ် ကျခပ်မျှစ် ဝါးဖြူမျှစ် နှီးဝါးမျှစ် ဝါးယားမျှစ် ဝါးပိုးမျှစ် ထီးဝါးမျှစ် စသည်ဖြင့် အမှတ်အသားလေးတွေနဲ့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။ နှီးဝါးမျှစ်နဲ့ ဝါးဂုတ်မျှစ်က အချိုဓာတ်ပိုပြီး တာလပေါ့ချက်စားလို့အလွန်ကောင်းလှပါတယ်။ တအိုးစာချက်မည်ဆိုပါက မျှစ် ၅ချောင်းခန့်အသုံးပြုနိုင်ပါတယ် မျှစ်ကို မချက်မှီ ခပ်ပါးပါးလှီးထားပြီး ရေ2နာရီခန့်စိမ်ထားပါ ရေစိမ်ပြီးသားမျှစ်ကို တရေ ပြုတ်ပြီးသွန်ပေးပါ မျှစ်စိမ်းမှာ ခါးသက်သက် အရသာရှိတတ်လို...

မုန့်စိမ်းပေါင်းပြုလုပ်နည်းပါ

မုန့်စိမ်းပေါင်းပြုလုပ်နည်းပါ ========= -မုန့်စိမ်းပေါင်းကို ဆန်ကြမ်းနဲ့လုပ်ရပါတယ်။ ငစိန်ဆန်တစ်ပြည်ကိုရေစင်စင်ဆေးပြီးကြိတ်ဆုံမှာကြိတ်ပါမယ်။😋 မုန့်ရည်ကို အ၀တ်အိတ်နဲ့စစ်ပါ။. ရေစစ်သွားတဲ့အခါ မုန့်သားကို လက်နဲ့နယ်ပြီး လက်ဆန့်သလောက် အလုံးကြီးတွေလုပ်ပါ။. -အောက်ခံအိုးထဲကိုရေထည့်ပြီးတာနံ့ အပေါ်မှာ စကာတင်ပြီးမုန့်လုံးတွေထည့်ပေါင်းပါ။ ၁၅ မိနစ်လောက်နေလို့ မုန့်လုံးအပေါ်သားအရောင်ကြည်နေရင် မုန့်ကို ဖိုပေါ်ကချပြီး အအေးခံပါ။. -လက်နဲ့ကိုင်နိုင်တဲ့အနေအထားတစ်ခုမှာ တစ်၀က်တစ်ပျက်ကျက်နေတဲ့မုန့်လုံးကို ဆုံထဲထည့်ထောင်းပါ။ ထောင်းပြီးရင် လက်နဲ့ချေပေးပြီး စကာချပါ။. -မုန့်စိမ်းပေါင်းမှာ အဖြူ သားကအဆိမ့်ဖြစ်ပြီး အညို သားက အချိုဖြစ်ပါတယ်။ အဖြူ သားလုပ်ဖို့ မုန့်သားနည်းနည်းဖယ်ထားပါ။ အုန်းသီးတစ်လုံးကိုဦးရည်ညှစ်ပြီး မုန့်သားအဖြူ နဲ့ ပျစ်ပျစ်လေးနယ်ထားပါ။ ပဲလွန်းတစ်ဘူးကိုပြုတ်ထားပါ။ -ထန်းညက် ၅၀ကျပ်သားကိုခပ်ပျစ်ပျစ်ကျို ပြီးတာနဲ့ကျန်တဲ့မုန့်သားနဲ့ရောနယ်ပါ။ -မုန့်စိမ်းပေါင်းပေါင်းတဲ့မြေအိုး(ပေါင်းချောင်)နဲ့ပေါင်းရပါတယ်ရှင်။ အခုတချို့က ပေါင်းစကာတွေနဲ့ပေါင်းကြပါတယ်။ မြေအိုးထဲကို ကပ်ပြားခင်းပြီး ကပ်ပြ...

ငှက်ပျောဆနွင်းမကင်း

  ငှက်ပျောဆနွင်းမကင်း ပါ၀င်သောပစ္စည်းများ (ဘန်းအကြီး ၁ ဘန်းစာ) ၁။ သီးမွှေး ငှက်ပျောသီးမှည့်မှည့် - ၈ လုံး (သို့) သေးရင် ၉ လုံး ၂။ အုံးသီးဖတ် - ၁ ခွက် ၃။ ရွှေကြည် - ၁ ခွက် ၄။ ဂျုံ မှုန့်- ၁ ခွက် နှင့်ခွက်လေးပုံ တပုံ ၅။ သကြား - ၁ ခွက် ခွဲ ၆။ ဆား -လက်ဖက်ရည်ဇွန်း တ ၀က် ရ။ အုံးနို ့- ၄၀၀ ml ၈။ ထောပတ် - ထမင်းစားဇွန် ၈ ဇွန်း (သို့) ခွက် တ ၀က် ၉။ ဘိန်းစေ့ - အနည်းငယ် ၁၀။ စားသောဆိုးဆေး အနီေ၇ာင် - ၄ စက် (သို့) ၅ စက် (လျော့ထည့်လို့လဲရပါတယ်။မထည့်လို့လဲရပါတယ်။) ပြုလုပ်နည်း ၁။ ငှက်ပျောသီးကို လက်ဖြင့် ခြေပါ။ (အရမ်းကျေရန်မလိုပါ။) ၂။ blender ထဲသို့အုံးသီးဖတ်၊ ထောပတ် နှင့် အုံးနို့ကို ထည့်ရ်ျ မွှေပါ။ (ထောပတ်က ခဲနေတာ ကိုသုံးလျှင် ပိုကောင်းပါသည်။ အရည်ပျော်နေလျင် အရည်ကျဲကျဲဖြစ်တတ်ပါသည်။ မခဲလျှင် ရေခဲသေတ္တာထဲ ခနထည့်ထားပြီးမှ သုံးလျှင် ပိုကောင်းပါသည်။) ၃။ ဇလုံ တခုထဲတွင် ငှက်ပျောသီး ၊ ခြေထားသောအုံးသီးဖတ် အနှစ်၊ သကြား၊ ဆား၊ ရွှေကြည်၊ ဂျုံမှုန့်၊ ဆိုးဆေး အနီေ၇ာင်တို့ကိုရောရ်ျ သမအောင်မွှေပါ။ ၄။ မုန့်ဖုတ်မည့် ဗန်းထဲကို ဆီ (သို့) ထောပတ်သုတ်ထားပါ။ ထို ဗန်းထဲသို့မုန့်အနှစ်များကို ထည့်ပြီး အပေါ်မှ ဘ...

KFC စတိုင်လ်ကြက်ကြော်နည်း

  KFC စတိုင်လ်ကြက်ကြော်နည်း ================= ၁လုံး CPကြက်..........၁ကောင် အကြော်ခံဆီ.......၅လီတာခန့် ကွကျဥအကာ...... ဂျုံနုမှုန့်...............၁ ၁/၂ခွက်(လက်ဖက်ရည်ပန်းကန်လုံး) သကြားညို..............၁ဇွန်း(ထမင်းစားဇွန်း) ဆား.....................၁ဇွန်း(လက်ဖက်ရည်ဇွန်း) ဟင်းခတ်အမွှေးအကြိုင်အရောအတွက် ••••••••••••••••••••••••••••• ငရုတ်ပွတောင့်အမှုန့်............၁ဇွန်း ဆားဓာတ်ပါသော ကြက်သွန်နီအမှုန့်................၁ဇွန်း ငရုတ်စပ်မှုန့်......................၁ဇွန်း ငရုတ်ကောင်းမှုန့်အစစ်...........၁ဇွန်း ဆားဓာတ်ပါဝင်သော တရုတ်နံနံအမှုန့်...................၁/၂ဇွန်း ဆာဂီအခြောက်မှုန့်................၁/၂ဇွန်း ကြက်သွန်ဖြူ အမှုန့်................၁/၂ဇွန်း ဟင်းချက်မဆလာ..................၁/၂ဇွန်း အော်ရီဂန်နိူ..........................၁/ဇွန်း ပင်စိမ်းမှုန့်............................၁/၂ဇွန်း (မှတ်ချက်။ ။ လက်ဖက်ရည်ဇွန်း) ခေါင်း၊ ခြေထောက်မပါသောကြက်သားကိုထက်ခြမ်းပိုင်းလိုက်ပါ။ ရင်ပုံသားတစ်ခြမ်းကို ကန့်လန့်ဖြတ်၂ပိုင်း ဖြတ်ပိုင်းပါ။ အတောင်ပံတွေကိုသီးသန့်စီဖြတ်ပိုင်းပါ။ ပေါင်ရင်းဖ...

အညာမုန့်ပြားသလက် လုပ်နည်း 💙🤍

 လွယ်လွယ်ကူကူနည်းလမ်း နဲ့ အိမ်မှာလုပ်စားနိုင်စေဖို့ အညာမုန့်ပြားသလက် လုပ်နည်း 💙🤍 1.မွှေးဆန်မှုန့် အစိမ်းထုပ် - 4.5 ထုပ် 2.ဆိုဒါ - တဇွန်းနဲ့ တဝက် ( teaspoon) 3.ရေ - 1500 ml 4.ဆား - တဇွန်း ( teaspoon) 5.ကြက်ဥ - နှစ်လုံး ( မုန့်လုပ်ခါနီးမှ ခေါက်ပြီး.ထည့်ရန်)  အမှတ် 1 မှ 4 ကိုရောစပ်ပြီး မုန့်မလုပ်ခင် 4-5 နာရီလောက်ကြို ပြီးစပ်ထားပါ မုန့်လုပ်ခါနီးမှ ကြက်ဥ နှစ်လုံး ခေါက်ထည့်ပါ ကြက်သွန်မိတ် တွေကိုညှပ်ပြီး ပဲပြုတ်နှင့်ရောပါ နှမ်း နဲ့ ဆားကို လိုသလောက်ရောထောင်းပါ အိမ်မှာရှိတဲ့ရိုးရိုးဒယ်အိုးကို ဆီလေးတွေသုတ်သုတ်ပြီး လုပ်စားလို့ရပါနော် #မုန့်ပြားသလက် Crd

ကြက်သားခနံထုပ် (Khanon htok)

  ကြက်သားခနံထုပ်  (Khanon htok) ( ကြက် / ဝက် နှစ်သက်ရာနဲ့စား)  ပါဝင်ပစ္စည်းများ ----------- မုန့်ဖတ်ပြုလုပ်ရန် - ........................... ဘက်စုံသုံးဂျုံမှုန့် ( ဒုံးပျံတံဆိပ်အပြာ)  - ထမင်းစားဇွန်း ၄ ဇွန်း ကြက်ဥ - ၅ လုံး ဘဲဥ - ၅ လုံး ရေ - ရေသန့်ဘူး နှစ်ရစ် ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း သကြား - ဇွန်း တဝက် ............... ပြုလုပ်နည်း ...............  ဇလုံတစ်ခုထဲမှာ ဂျုံမှုန့်နဲ့ ဆားသကြား ရေ အကုန်ထည့်ပြီး မုန့်နှစ်ရပြီဆိုမှ ကြက်ဥ ဘဲဥ ခလောက်ပြီးသားတွေထည့်ပါ။  သမသွားအောင်မွှေပြီး အဖုံးအပ် ခနနှပ်ထားပြီး အဆာပလာပြင်ပါမယ်။ ****************** ခနုံထုပ်ထဲထည့်မည့် အဆာပလာပြုလုပ်ရန် - ............................................... ကြက်ရင်ပုံသား(အရိုးလွတ်) - ၃၀ သား (ဝက်သားကြိုက်ရင်ဝက်သား)  ကုဆိုင်  - ၂ စည်း ( ကြက်သွန်မိတ်နှင့်ဆင်တူ အနံ့မတူ) ပဲငံပြာရည်အကြည်  - ၂ဇွန်း (လက်ဖက်စားဇွန်း)  ဂျင်း - လက်တဆစ်ခန့်  ဆား/ သကြား - ဇွန်း တဝက်စီ ကြက်သွန်နီ - ၂ လုံး ဟင်းချက်ဆီ - အနည်းငယ် --------------- ပြင်ဆင်ပုံ .............. ကြက်ရင်ပုံသား သို့မဟုတ် ဝက်သားကို ...